DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အဝယ်ဒိုင်က ၀က်သားအဝယ်ရပ်ထားသဖြင့် ဝက်မွေးမြူသူများအရှုံးပေါ်နေ
DVB
·
June 9, 2018
ရန်ကုန်အဝယ်ဒိုင်က ၀က်သားအဝယ်ရပ်ထားသဖြင့် ဝက်မွေးမြူသူများအရှုံးပေါ်နေ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဝက်မွေးမြူရေးသမားတွေဟာ ရန်ကုန်ဝက်အဝယ်ဒိုင်တွေက အဝယ်ရပ်ဆိုင်းထားလို့  အရှုံးပေါ်ပြီး အခက်အခဲ တွေ့နေတယ်လို့ ဝက်မွေးမြူ သူတွေက ပြောပါတယ်။

တိုက်ကြီးမြို့က ဝက်မွေးမြူသူ ဦးစန်းနိုင်က" အသားတိုးဝက် တစ်ကောင်ကို ရောင်းတန်းဝင်ဖို့ သုံးလခွဲ၊ လေးလအထိမွေးရတယ်။ အစာဖိုးက တစ်ကောင်ကိုကျပ် တစ်သိန်းနှစ်သောင်းအထိကုန်တယ်၊ အခုလို(၆)လိုင်ပိုင်းကနေ (၈)လပိုင်းအထိ ကျန်းမာရေးမကောင်းဖြစ်တဲ့ အချိန်တွေမှာ ပိုပြီး ဈေးနှိမ်ခံရတယ်။ လက်ရှိပေါက်ဈေး ၅၀၀၀ကျပ်ဆို ၃၀၀၀ကျပ် အထိဈေးနှိမ်အဝယ်ခံရတယ်။ အမြတ်မရတဲ့အပြင်အရင်းပါရှုံးတယ်။ အခုလည်း ရန်ကုန်အဝယ်ဒိုင်တွေက အဝယ်ရပ်ဆိုင်းထားတဲ့အတွက် မွေးမြူတဲ့သူတွေ ရောင်းဖို့အခက်အခဲတွေဖြစ်တယ်"လို့ပြောပါတယ်။

ဥက္ကာမောင်မွေးမြူရေးနှင့် သား၊ငါးထုက်လုပ်ရေး သမဝါယမအသင်း ဥက္ကဋ္ဌ ဦးမျိုးအောင်က “မြဝတီကနေတစ်ဆင့် ရန်ကုန်အဝယ်ဒိုင်တွေကို ထိုင်းကဝက်တွေ တရားမဝင်ဝင်ရောက်နေလို့ ပြည်တွင်းမှာရှိတဲ့ ဝက်မွေးမြူသူတွေရောင်းဖို့အခက်ဖြစ်နေတာပါ။

ထိုင်းကဝက်တွေက အသားအရေ ကွာလတီကောင်းတယ်၊ ဈေးနူန်းလည်း ကွာတဲ့အတွက် အဝယ်ဒိုင်တွေက ထိုင်းကဝက်တွေကို အဝယ်များပြီး ပြည်တွင်းကမွေးမြူတဲ့သူတွေကိုကျ အဝယ်ရပ်ဆိုင်းထားတယ်။ လက်ရှိပေါက်ဈေး ၄၉၀၀ ကျပ်ပေါက်နေချိန် အခု(၄၅၀၀)ကျပ်နဲ့ရောင်း တာတောင်ဝယ်သူမရှိဖြစ်နေပါတယ်"လို့ပြောပါတယ်။

တိုက်ကြီးမြို့နယ်မှာ စီးပွားဖြစ်အကောင်(၃၀)အထက် မွေးမြူသူ (၁၃)ဦးရှိပြီး အကောင်ရေ ၁၀၀၀ ကျော်ရှိပါတယ်။

တစ်ပိုင်တစ်နိုင် ၀က်မွေးမြူသူ အများအပြားရှိတဲ့တိုက်ကြီး အပါအ၀င် လက်ပံတန်း၊ မင်းလှ၊ နတ္တလင်းနဲ့ တခြားမြို့နယ်တွေမှာလည်း ရန်ကုန်အဝယ်ဒိုင်တွေက အဝယ်ရပ်ဆိုင်းထားလို့  ၀က်မွေးမြူရေးသမားတွေ အခက်အခဲဖြစ်ပေါ်နေပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013