DVB Logo
Home
မြန်မာသတင်း
မြင်းခြံ ကညွတ်​စိုက်​​တောင်​သူ​များ ဝင်​​ငွေ​ကောင်းရရှိနေ
DVB
·
June 8, 2018
မြင်းခြံ ကညွတ်​စိုက်​​တောင်​သူ​များ ဝင်​​ငွေ​ကောင်းရရှိနေ
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်မှာ ကညွတ်​စိုက်​ပျိုးတဲ့ ​တောင်​သူ​တွေ ဝင်​​ငွေ​ကောင်းရရှိ​နေပြီး အစိုးရက ပြည်ပပို့ကုန်အဖြစ် ဖော်ဆောင်ပေးနိုင်မယ်ဆိုရင် တောင်သူတွေ ပိုမိုအကျိုးဖြစ်ထွန်းမယ်လို့ ​ရွှေဖြူ ကညွတ်​အ​ရောင်းဆိုင်​က ​ပြောပါတယ်​။

ရွှေဖြူ ကညွတ်​အ​ရောင်းဆိုင်​မှ ဦး​ကျော်​စိန်​ထူးက “ကညွတ်​ဟာ စိုက်​ပျိုးသင့်​တဲ့ လုပ်​ငန်းတခုပါ။ ကျ​နော်​က စိုက်​ပျိုးမယ့်သူ​တွေကို နည်းပညာနဲ့ ပျိုးပင်​ကို ဆက်​သွယ်​ပြီး ကူညီ​ပေးပါတယ်​။ ​တောင်​သူ​တွေကလည်း စိုက်​ပျိုး​ပေမယ့် ​ဈေးကွက်​မရှာတတ်​ကြဘူး၊ အဲ့အတွက်​လည်း တာဝန်​ယူ လုပ်​​ဆောင်​​ပေးတာပါ။ ကညွတ်​က တခါစိုက်​ပြီးရင်​ အမြဲရရှိနေတဲ့ အပင်​မျိုးဖြစ်​ပြီး ကညွတ်​နဲ့အတူ နှစ်​ရှည်​ပင်​​တွေလည်း စိုက်​ပျိုးလို့ ရပါ​သေးတယ်​။ ​ပြီး​တော့ အပင်​အတွက်​ ​ဆေး​တွေ သုံးစရာမလိုဘဲ သဘာဝ​မြေသြဇာဖြစ်​တဲ့ နွား​ချေးတမျိုးတည်းကိုသာ အသုံးပြုရ​တော့ စားသုံးသူ​တွေအတွက်​လည်း အန္တရာယ်​ကင်းပါတယ်​။ အစိုးရအ​နေနဲ့ ပြည်​ပပို့ကုန်​အဖြစ်​ ​ဖော်​​ဆောင်​​ပေးခဲ့ရင်​​တော့ ​တောင်​သူ​တွေအတွက်​ ပိုပြီး အကျိုးဖြစ်​ထွန်းလာမယ်” လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

ခုဆိုရင် ​ကညွတ်​ကို ​နေရာ​ဒေသ အနှံ့အပြားမှာ စိုက်​ပျိုး​နေကြပြီး မြင်းခြံမြို့နယ်​မှာ​တော့ ကညွတ်​စိုက်​ပျိုးသူ ဦး​ရေ ၁၀၀ ​ကျော်​လောက် ရှိတယ်လို့ သိရပါတယ်​​။ ထွက်​ရှိလာတဲ့ ကညွတ်​ကို အမျိုးအစား ၄ မျိုးခွဲထားကာ ရန်​ကုန်​နဲ့ တခြားမြို့ကြီး​တွေကို တင်​ပို့​ရောင်းချ​နေတယ်​လို့ ဆိုပါတယ်​။

“ကညွတ်​ ၁ ပင်​ကို ၅၀ ကျပ်​ဝယ်​ရတယ်​။ အခု အပင်​ ၅၀၀၀ ​လောက်​ စိုက်​ပျိုးထားတယ်​။ ​​မြေသြဇာလည်း သုံးစရာမလိုဘူး။ ​နေ့စဉ်​ ပုံမှန်​ ၁၅၀၀၀ ကျပ်​​လောက်​ ဝင်​​ငွေရှိတာဆို​တော့ မိသားစုစားဝတ်​​နေ​ရေး အဆင်​​ပြေတယ်​" လို့ ကညွတ်​စိုက်​ပျိုးထားသူ ​ညောင်​ကန်​​ကျေးရွာမှ ဦး​ကျော်​က ပြောပါတယ်​။

လက်ရှိမှာ​တော့ မြင်းခြံမြို့ပေါ်မှာ ကညွတ်​ပိဿာချိန်​ ၅၀၀ ဝန်းကျင်​လောက် ​နေ့စဉ်​ ဝင်​​ရောက်​နေပြီး ကညွတ်​ ၁ ပိဿာကို ၁၈၀၀ ကျပ်​မှ ၄၀၀၀ ကျပ်​အထိ ​ရောင်းချရတယ်လို့ ​ပြောပါတယ်​။ ​ကညွတ်​ထွက်​နှုန်း ရှားပါးတဲ့အချိန်​မှာဆို ၁ ပိဿာကို ၂၅၀၀ ကျပ်​မှ ၆၀၀၀ ကျပ်​အထိ ​ရောင်းချရတယ်​လို့ သိရပါတယ်​။

သတင်း ရီရီထွန်း ( မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013