DVB Logo
Home
မြန်မာသတင်း
SMID ဘဏ်က ပညာရေးချေးငွေ ထုတ်ချေးမည်
DVB
·
June 8, 2018
SMID ဘဏ်က ပညာရေးချေးငွေ ထုတ်ချေးမည်
Donate to DVB

မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်လာစေဖို့အတွက် ပညာဆက်လက် သင်ကြားလိုသူတွေအတွက် ပညာရေးချေးငွေ ထုတ်ချေးပေးသွားဖို့ ရှိနေတယ်လို့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID) က သိရပါတယ်။

နိုင်ငံတကာတက္ကသိုလ်ငါးခုနဲ့ ချိတ်ဆက်ကာ မဟာတန်းနဲ့ ဒစ်ပလိုမာသင်တန်းတွေ တတ်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေအတွက် သက်ဆိုင်ရာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပညာရေးအတွက် ချေးငွေလျှောက်ထားရာမှာ အနည်းဆုံး လစာ ကျပ် ၃ သိန်း ဝင်ငွေရှိပြီး ကနဦးငွေ ၁၀ ရာခိုင်နှုန်း ပေးချေသွားရမှာ ဖြစ်ပါတယ်။ လာရောက်လျှောက်ထားတဲ့ အထဲကမှ အားလုံးကို ချေးငွေထုတ်ချေးပေးသွားမှာ မဟုတ်ဘဲ ဘဏ်ရဲ့ သတ်မှတ်စည်းကမ်းနဲ့ ကိုက်ညီသူတွေကိုသာ ချေးငွေထုတ်ချေးပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကကဏ္ဍကြီးသုံးခုဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ အတွက်ကိုလည်း ဇွန် ၇ ရက်က စတင်ပြီး ချေးငွေထုတ်ချေးပေးသွားဖို့ ရှိနေပါတယ်။

ဒီထဲကမှ သွင်းကုန်အစားထိုးနဲ့ ပို့ကုန်အားပေးတဲ့ လုပ်ငန်းတွေကို အဓိကဦးစားပေး ထုတ်ချေးပေးသွားမယ်လို့ ရန်ကုန်မှာကျင်းပတဲ့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ရဲ့ ဝန်ဆောင်မှု စတင်မိတ်ဆက် အခမ်းအနားက သိရပါတယ်။

ချေးငွေအတွက် အများဆုံးလျှောက်ထားနိုင်တဲ့ ပမာဏကတော့ ကျပ်သိန်း ၅၀၀ ဖြစ်ပြီး ချေးငွေကို လုပ်ငန်းမှာ စနစ်တကျ အသုံးပြုခြင်းမရှိဘဲ တခြားမှာသုံးစွဲရင်တော့ ချေးငွေပြန်လည်သိမ်းဆည်းခံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013