DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် ၄ လအတွင်း ဒေါ်လာ ၁၉ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
June 8, 2018
ရခိုင်ပြည်နယ်တွင် ၄ လအတွင်း ဒေါ်လာ ၁၉ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ လေးလတာ ကာလအတွင်း တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၀၄ သန်းနဲ့ ညီမျှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း ၆၆ မှု၊ အမျိုးသား ၈၀ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း တရားခံ ၈၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမှု တန်ဖိုးစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၀၄ သန်းနှင့် ညီမျှတဲ့ ငွေကျပ်သန်းပေါင်း ၂၅၃၂၄ ဒသမ ၉၃ သန်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပညာရေး၊ ကျန်းမာရေးကဏ္ဍ တိုးမြှင့်ဆောင်ရွက်တာနဲ့အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိုလည်း ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ပြည်သူ့ကျန်းမာရေး၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးတို့အပေါ် အခြေခံတဲ့ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း အစီရင်ခံစာအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013