DVB Logo
Home
မြန်မာသတင်း
အမျိုးသားလုံခြုံရေးကိစ္စ နိုင်ငံတော်အကြီးအကဲများ အစည်းအဝေးခေါ်ယူကျင်းပ
DVB
·
June 8, 2018
အမျိုးသားလုံခြုံရေးကိစ္စ နိုင်ငံတော်အကြီးအကဲများ အစည်းအဝေးခေါ်ယူကျင်းပ
Donate to DVB

ရခိုင်ပြည်နယ် အရေးကိစ္စအပါအ၀င် အမျိုးသားလုံခြုံရေးနဲ့  နိုင်ငံတကာ ဆက်ဆံရေး အခြေအနေတွေနဲ့ စပ်လျဉ်းပြီး နိုင်ငံတော်အကြီးအကဲတွေပါဝင်တဲ့ အစည်းအဝေးပွဲ ဒီကနေ့ ဇွန်လ ၈ရက်က နေပြည်တော် သမ္မတအိမ်တော်မှာ ကျင်းပပါတယ်။

အစည်းအဝေးမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)တို့နဲ့  နားလည်မှုစာချွန်လွှာရေးထိုးခဲ့တဲ့ အခြေအနေတွေ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမှုအခြေအနေနဲ့ ရှန်ဂရီလာဒိုင်ယာလော့ခ်ဆွေးနွေးပွဲနဲ့  ဆက်စပ်ကိစ္စတွေ၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်လုံခြုံရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။

အစည်းအဝေးကို သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုကာချုပ်  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ပြည်ထောင်စုဝန်ကြီး တချို့ တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ကာလုံအစည်းအဝေးလို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်တာမရှိပေမယ့်  အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦးစလုံးပါဝင်တက်ရောက်တဲ့ အစည်းအဝေးလည်းဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးကျင်းပဖို့ရှိနေတဲ့အတွက် ဒီကနေ့ မနက်ကျင်းဖို့ စီစဉ်ထားတဲ့  ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေကိုလည်း မကျင်းပဖြစ်ဘဲ ပယ်ဖျက် ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013