DVB Logo
Home
မြန်မာသတင်း
ပညာရေးဌာနကို ဝေဖန်မှုဖြင့် အမှုဖွင့်ခံထားရသည့် လွှတ်တော်အမတ် အာမခံရရှိ
DVB
·
June 8, 2018
ပညာရေးဌာနကို ဝေဖန်မှုဖြင့် အမှုဖွင့်ခံထားရသည့် လွှတ်တော်အမတ် အာမခံရရှိ
Donate to DVB

ပညာရေးဌာနကို ဝေဖန်မှုနဲ့ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦး ဒီကနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့မ ရဲစခန်းကို လာရောက်အဖမ်းခံခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက တဦးကို သိန်း ၅၀၊ နှစ်ဦး သိန်း ၁၀၀ နဲ့ ရဲစခန်းမှာ အာမခံပေးလိုက်တာလို့ အမှုဖွင့်ခံထားရတဲ့ ရမ်းဗြဲမဲဆန္ဒနယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်းဦးက ရဲစခန်းအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက သူရဲ့လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် ရခိုင်ပြည်နယ်ပညာရေးနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြခဲ့တာကြောင့် ပြည်နယ်အစိုးရ ညွှန်ကြားချက်နဲ့ ပြည်နယ်ပညာရေးဌာနက စစ်တွေအမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။

သန်းမောင်ဦး ဖေ့စ်ဘွတ်ခ် အကောင့်အမည်နဲ့ ငါတို့ ရခိုင်ပြည်နယ် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ ပညာရေး အနိမ့်ကျဆုံး၊ စီပွားရေးအနိမ့်ကျဆုံး၊ ကျန်းမာရေးဝန်ဆောင်မှု အနိမ့်ကျဆုံး စတဲ့ အချက်တွေကို ဝေဖန်ထောက်ပြခဲ့ပါတယ်။

ဒီလို ဝေဖန်ထောက်ပြခဲ့တဲ့ စာမေးပွဲအောင်စာရင်းတချို့မှာ ကိန်းဂဏန်တချို့ မှားခဲ့ တယ်လို့ ဦးသန်းမောင်ဦးက ဆိုပါတယ်။ ဒါပေမယ့် နာရီပိုင်းအတွင်းမှာပဲ Edit လုပ်ခဲ့ပြီး အမှားပြင်ဆင်ချက်နဲ့ တောင်းပန်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

စစ်တွေမြို့ ရဲစခန်းကနေပြီးတော့ ရမ်းဗြဲလွှတ်တော်အမတ် ဦးသန်းမောင်ဦးကို တရားစွဲ ဆိုထားတဲ့ကြောင့် အဲ့ဒီတရားစွဲဆိုထားခြင်းအပေါ်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖမ်းဆီးစစ် ဆေးဖို့အတွက် လွှတ်တော် ဥက္ကဋ္ဌဆီမှာ ခွင့်ပြုချက်တောင်းခံခဲ့တာပါ။

ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပြည်နယ်အစိုးရညွှန်ကြားချက်နဲ့ ပြည်နယ်ပညာရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလိုလုပ်ပြီး စစ်တွေ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။

အခုလို ရခိုင်ပြည်နယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်တဦးကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် တရားစွဲဆိုတာဟာ ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013