DVB Logo
Home
မြန်မာသတင်း
သီပေါမြို့နယ်တွင် ရေကြီးပြီး လူနေအိမ်အချို့ အုတ်တံတိုင်းများလဲပြို
DVB
·
June 7, 2018
သီပေါမြို့နယ်တွင် ရေကြီးပြီး လူနေအိမ်အချို့ အုတ်တံတိုင်းများလဲပြို
1 / 4
Donate to DVB

 

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာမှာ  ဇွန်လဆန်းက စပြီး တောင်ကျချောင်းရေတွေဝင်လာလို့ ရေကြီးနေရာမှာ ဒီကနေ့ထိ ရေလုံးဝ ကျသွားတာ မရှိဘဲ အခြေအနေ ပိုဆိုးလာနေပါတယ်။

နမ့်လန်ရွာကြီးထဲမှာ ရပ်ကွက်ပေါင်း ၁၁ ခုရှိပြီး အားလုံးလိုလိုရေတွေဝင်နေရာမှာ မနေ့မွန်း လွဲပိုင်းက ရေကျသွားပေမယ့် ဒီမနက်စောစောမှာ နောက်တချီရေပြန်ကြီးလာပြီး အရှိန်ပြင်းတဲ့ ရေနီတွေ တိုက်စားတာကြောင့် နေအိမ် အလုံး ၂၀ ကျော် အုတ်တံတိုင်းတွေ ပြိုကျကုန်တယ်လို့  နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းယွန်းက ဒီဗွီဘီကိုပြောပါတယ်

အဆိုးရွားဆုံးမှာ အနိမ့်ပိုင်း ကုန်းညောင်၊ စိန်ပန်း၊ အေးချမ်းသာ၊ ပန်ခင် စတဲ့ရပ်ကွက်တွေဖြစ်ပြီး ထမင်းဟင်းချက်စားလို့မရတာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ လာဝေတဲ့ ထမင်းထုပ်ကိုသာစားနေရကြောင်း၊  အိမ်မှာနေလို့မရတဲ့အတွက် သူ့ရပ်ကွက်ကိုယ့် ရပ်ကွက်က သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးနဲ့ အမြင့်ပိုင်းနေအိမ်မှာ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိမ်ထောင်ပရိဘောဂတွေ ရေထဲမျှောပါသွားတာရှိပြီး သီးနှံစိုက်ခင်းတွေလည်း ပျက်စီးကြောင်း၊ သွားလေရာရေတွေချည်းမို့ ပျက်စီးဆံးရှုံးမှုစာရင်းတွေ မကောက်ခံနိုင်သေးကြောင်း၊ ဒါဟာ သူတို့ရွာမှာ ၅ နှစ်အတွင်း အဆိုးရွားဆုံးရေကြီးမှု ဖြစ်တယ်လို့ သူကပြောပါတယ်။

လက်၇ှိမှာ ရေအနည်းငယ်ပြန်ကျပေမယ့် စိတ်ချရတဲ့အခြေအနေမရှိသေးလို့  မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးပိုင်းတွေပါ ရောက်လာပြီး နောက်ထပ် ရေတက်လာမယ့်အရေး ကြိုတင်ပြင်ဆင်နေကြတယ်လို့ ဦးစိုင်းယွန်းက ပြောသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013