DVB Logo
Home
မြန်မာသတင်း
မူဆယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘော်ဒါဆောင်များကို ကေအိုင်အို အခွန်ကောက်
DVB
·
June 7, 2018
မူဆယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဘော်ဒါဆောင်များကို ကေအိုင်အို အခွန်ကောက်
Donate to DVB

 

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ဘော်ဒါဆောင် ၂၁ ကျောင်းထံ အခွန်ငွေတွေပေးဆောင်ဖို့ ကေအိုင်အို ကချင်လက်နက်ကိုင် တပ်ဖွဲ့ကစာတွေ  ပေးပို့ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၅ ရက် ည ၉ နာရီခွဲခန့်က  GALAXY အဆင့်မြင့်ကျောင်းသို့ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး ကျောင်းသားတစ်ဦးကို စာပေးအပ်ခဲ့တာဖြစ်ပြီး စာအိတ်ပေါင်း ၂၁ အိတ်ပါရှိကာ GALAXY အဆင့်မြင့်ကျောင်းအား ပေးပို့သော စာအိတ်မှာ အခြားစာတွေကိုလည်း ညတွင်းချင်း ဝေငှပေးစေလိုကြောင်း ဖော်ပြပါတယ်။

ကေအိုင်အို အကောက်ခွန်ဌာနခွဲ၊ ကွတ်ခိုင်ခရိုင်၊ အမှတ်(၉) တပ်ရင်းက ဇွန် ၃ ရက်နေ့စွဲနဲ့  သက်ဆိုင်ရာ ကျောင်းအသီးသီးထံ လိပ်မူပေးပို့ တာဖြစ်ပြီး ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထားပေးဆောင်ဖို့လည်း စာတွေမှာ ပါရှိပါတယ်။

GALAXY အဆင့်မြင့်ကျောင်း၊ အောင်ကိုယ်ပိုင် အထက်တန်းကျောင်း၊ JELC ကျောင်း၊ အောင်သရဖူဘော်ဒါ၊ ရွှေအောင်လံဘော်ဒါ၊ CMA အဆင့်မြင့်ကျောင်း၊ ဇွဲကိုယ်ပိုင်ကျောင်း၊ ကျော်ကိုယ်ပိုင် အထက်တန်းကျောင်းနဲ့ ICTC(1) အဆင့်မြင့်ကျောင်းတို့ကို ငွေကျပ် ၁၅ သိန်းပေးဆောင်ဖို့ တောင်းခံထားပါတယ်။

မြတ်ထူးချွန်ဘော်ဒါ၊ စွမ်းရည်ဂုဏ် ဘော်ဒါ၊ ICTC(2) အဆင့်မြင့်ကျောင်း၊ အောင်မြင်သစ် ဘော်ဒါ၊ ချယ်ရီကိုယ်ပိုင်ကျောင်း၊ ဖောင်ဒေးရှင်း ကိုယ်ပိုင်ကျောင်း၊ ကောင်းစံဘော်ဒါ၊ ကြယ်စင်လင်းဘော်ဒါ၊ ရိန်းတူးဘော်ဒါ၊ အောင်နန်းတော်ဘော်ဒါ (စာအိတ်တွင် ဇေယျနန်းတော် ဟု ဖော်ပြပါရှိ)နဲ့ ရောင်နီဦး ဘော်ဒါတို့ကိုတော့ ငွေကျပ် ၁ဝ သိန်း နဲ့  MEC မူလတန်းကျောင်းကို ငွေကျပ် ၉ သိန်း ကောက်ခံထားပါတယ်။

ဒါ့အပြင် စာမှာလည်း ဒီလိုကောက်ခံတာဟာ ဆက်ကြေးကောက်ခံတာ မဟုတ်ကြောင်း ဒါဟာ နှစ်စဉ်နှစ်တိုင်းပြုလုပ်တဲ့ အခွန်ကောက်ခြင်းဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။

ခုလို စာသင်ကျောင်းတွေကို အခွန်ပေးဖို့ တောင်းခံစာဟာ အစစ်အမှန်ဟုတ်မဟုတ် သိရှိရဖို့ ကေအိုင်အိုကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်ကတော့ ကေအိုင်အိုအနေနဲ့ အရင်က မူဆယ်မြို့ပေါ်က ကုမ္ပဏီတွေ၊ လုပ်ငန်းကြီးတွေကို အခုလို ကောက်ခံလေ့ ရှိပေမယ့် ကျောင်းတွေကို ကောက်ခံတာ အခုမှ ကြားဖူးတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013