DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အန်အယ်လ်ဒီဗဟို တာဝန်ယူ ဆောင်ရွက်မည်
DVB
·
June 7, 2018
ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး အန်အယ်လ်ဒီဗဟို တာဝန်ယူ ဆောင်ရွက်မည်
Donate to DVB

လာမယ့် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီအနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေကို လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကပဲ တာဝန်ယူ ဆောင်ရွက်မယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီဗွီဘီကို ပြောပါတယ်။

“ကြားဖြတ်အတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်နေပါပြီ။ ခရိုင်၊ တိုင်းက ရွေးချယ်လိုက်တာတွေကို ဗဟိုမှာ ပြန်စစ်သွားမယ်။ အောင်နိုင်ရေးကိစ္စတွေကတော့ ကော်မရှင်က ထုတ်ပြန်သတ်မှတ်တဲ့အချိန်ကျရင် စတင်လုပ်ဆောင်သွားမှာပါ။ ဒီကြားဖြတ်မှာလည်း အလုံးစုံအောင်နိုင်ရေး ကြိုးစားသွားမယ်။ လက်ရှိ ဗဟိုအလုပ်မှုဆောင်တွေကပဲ ကိုယ်စားလှယ် လောင်းတွေကိုတော့ ပါတီမူဝါဒအတိုင်း ရွေးချယ်သွားမှာပါ”လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အန်အယ်လ်ဒီအစိုးရလက်ထက် ၂ နှစ်အတွင်း ဒုတိယအကြိမ် ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲပါ။

ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းတာကို ဇူလိုင် ၂ ရက်နေ့ကစပြီး ၁၀ ရက်အတွင်း တင်သွင်းရမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ် ၄ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၈ နေရာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့ လစ်လပ်မဲဆန္ဒနယ် နေရာအားလုံးမှာ ယှဉ်ပြိုင်မှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013