DVB Logo
Home
မြန်မာသတင်း
Balala မုန့်စက်ရုံ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပြေလည်မှုရရှိ
DVB
·
June 7, 2018
Balala မုန့်စက်ရုံ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပြေလည်မှုရရှိ
Donate to DVB

 

အငြင်းပွားမှုဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ထဲက Blaala မုန့်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ပြေလည်မှုရရှိပြီလို့ အလုပ်သမားတွေက ပြောတယ်။

စက်ရုံပေါက်ကိုပိတ်ဆို့ဆန္ဒပြလို့ မြို့နယ်ရဲစခန်းမှာ ဖွင့်ထားတဲ့အမှုကိုလည်း စက်ရုံ ဘက်က ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

အစိုးရက အနိမ့်ဆုံးလုပ်ခလစာကို တိုးမြှင့်သတ်မှတ်ပြီးနောက် အလုပ်ရှင်တွေက အလုပ်သမားတွေကို ထုတ်လုပ်မှုစံချိန် တိုးတောင်းရာကနေ အငြင်းပွားမှုဖြစ်ခဲ့တာပါ။

အလုပ်သမားတွေဘက်ကတော့ စံချိန်တိုးတောင်းတာကို ညှိနှိုင်းပြေလည်ခဲ့ပေမယ့် အလုပ်ရှင်က အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို အလုပ်က ထုတ်ပယ်လိုက်လို့ ပိတ်ဆို့ဆန္ဒပြမှုဖြစ်ပွားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ နှစ်ဘက်ညှိနှိုင်းမှုပြေလည်ပြီဖြစ်လို့ အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ ပြန်ဝင်နေပြီဖြစ် တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
Balala မုန့်စက်ရုံ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပြေလည်မှုရရှိ