DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ တတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေး
DVB
·
June 7, 2018
၂၁ ရာစုပင်လုံ တတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေး
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဇွန် ၃၀ ရက်မှာ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ အပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရန်ကုန်မှာ စတင်ပြုလုပ်နေပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို တာမွေမြို့နယ်ရှိ  Best Western Green Hillဟိုတယ်မှာ ပြုလုပ်နေတာပါ။

အစည်းအဝေးမှာ  အစိုးရက အဆိုပြုတဲ့ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ ကျင်းပနိုင်ရေးကိစ္စနဲ့ ပတ်သက်လို့  PPST ထိပ်သီးအစည်းအဝေးမှာ ညှိနှိုင်းမယ်၊ ပြီးရင် ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ NCA-S EAO အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် NCA-S EAO ရဲ့ လက်ရှိလုပ်ငန်းဆောင်ရွက်မှုတွေ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီတွေ ကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း တင်ပြဆွေးနွေးကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ခုနှစ် မေလအတွင်းက ကျင်းပခဲ့ပြီး တနှစ်ကျော်လာချိန်အထိ တတိယအစည်းအဝေး မကျင်းပနိုင်ဘဲ ကြံ့ကြာနေတာ ဖြစ်ပါတယ်။

Photo : NCA-S EAO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013