DVB Logo
Home
မြန်မာသတင်း
အိမ်အကူ မကရင်မသေဆုံးမှု ပြည်ထောင်စု ဥပဒေအထောက်အကူပေးရေးအဖွဲ့ ကူညီမည်
DVB
·
June 7, 2018
အိမ်အကူ မကရင်မသေဆုံးမှု ပြည်ထောင်စု ဥပဒေအထောက်အကူပေးရေးအဖွဲ့ ကူညီမည်
Donate to DVB

 

တပ်မတော်အရာရှိအိမ်မှာ အိမ်အကူလုပ်ကိုင်ရင်း သေဆုံးခဲ့ရတဲ့ မကရင်မ ခေါ် မခင်သန္တာဦးရဲ့ အမှုကို ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့က လိုက်ပါကူညီလုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။

တွံ့တေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက မကရင်မအမှုအတွက် ဥပဒေအထောက်အကူအဖွဲ့ကို အကူအညီပေးဖို သူ့အနေနဲ့ စာရေးတောင်းဆိုခဲ့ပြီး အဖွဲ့က ကူညီပေးမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ ပြောပါတယ်။

“၂ရက်နေ့က စာတင်လိုက်တယ်။ ဥပဒေနဲ့ပတ်သက်ပြီး သူက အားနည်းချက် ရှိတော့ လေ။ ဥပဒေဆိုင်ရာအထောက်အကူအဖွဲ့ကို ကျနော်တို့ စာတင်လိုက်တော့ ၅ရက်နေ့မှာ စည်းဝေးအပြီး သူတို့ ကူညီမယ်ဆိုပြီး စာပြန်ပို့တယ်”

ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက် အကူပေးရေး အဖွဲ့အနေနဲ့ မကရင်မတို့ဘက်က ရှေ့ နေအဖြစ်လိုက်ပါဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာနေ မခင်စန္ဒာနန်းဦး (ခ)မကရင်မ (၃၈-နှစ်)ဟာ လွန်ခဲ့တဲ့ ၆ လခန့်လောက်က လှည်းကူးမြို့နယ်ရှိ အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာနေ တပ်မတော် အရာရှိတဦးရဲ့နေအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေခဲ့တာပါ။

မေလ ၁၉ ရက်မှာတော့ အဆိုပါ တပ်မတော်အရာရှိရဲ့ ဇနီး ဥပဒေအရာရှိဖြစ်သူ ဒေါ်သိင်္ဂီစုက မကရင်မကို နေအိမ်ကို ပြန်ပို့ပေးခဲ့ရာမှာ အိမ်ရောက်ပြီး နှစ်နာရီအတွင်းမှာပဲ မကရင်မ သေဆုံးသွားခဲ့ပါတယ်။

မကရင်မကို သတ်တယ်လို့ စွတ်စွဲခံထားရတဲ့  ဒေါ်သိင်္ဂီစုကို လတ်တလော အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ဇွန်လ ၁၄ရက်မှာ သန်လျင်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးဖို့ ရှိပါတယ်။

သေဆုံးသူ မကရင်မဟာ အသက် ၁၅ နှစ်၊ ၁၄ နှစ်၊ ၁၂ နှစ် နဲ့ ၁၀ နှစ်အရွယ် သားသမီး လေးဦးရှိပြီး ခင်ပွန်းဖြစ်သူကတော့  လွန်ခဲ့တဲ့ လေးနှစ်ကတည်းက သေဆုံးသွားခဲ့တာပါ။

မကရင်မရဲ့ ကျန်ရစ်တဲ့ သားသမီးတွေကို တိုင်းလူကယ်ပြန်ဌာနက ခေါ်ယူပြီး တာဝန်ယူ စောင့်ရှောက်ဖို့ ရှိပါတယ်။

ပြည်ထောင်စု ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို ၂၀၁၇ခုနှစ် နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခု မကရင်မအမှုဟာ  အဖွဲ့ရဲ့ ပထမဆုံးလိုက်ပါကူညီတဲ့အမှု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013