မြစ်ကြီးနားမြို့အနီးမြေငလျင်လှုပ်
DVB
·
June 7, 2018

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးမှာ ဒီကနေ့မနက်က အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဇွန်လ ၇ရက်၊ မြန်မာစံတော်ချိန် မနက် ၁၀နာရီ၊ ၄၅မိနစ်၊ ၅၄စက္ကန့် အချိန်မှာ မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်ဘက် ၂၁မိုင်လောက် ကွာဝေးတဲ့ မြန်မာပြည်တွင်း မြစ်ကြီးနားမြို့ရဲ့ အနောက်မြောက်ဘက် ၁၉မိုင်လောက်အကွာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။











