DVB Logo
Home
မြန်မာသတင်း
ပြန်ကြားရေးဌာနက သိမ်းယူထားသည့် ရွှေကျင်စာကြည့်တိုက်ကိုပြန်ပေးရန် တောင်းဆို
DVB
·
June 7, 2018
ပြန်ကြားရေးဌာနက သိမ်းယူထားသည့် ရွှေကျင်စာကြည့်တိုက်ကိုပြန်ပေးရန် တောင်းဆို
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့မှာ ပြန်ကြားရေးဌာနက သိမ်းယူထားတဲ့ ပြည်သူပိုင် အမှုထမ်းပေါင်းစုံ စာကြည့်တိုက်အဆောက်အဦကို ပြန်လည်ပေးအပ်ဖို့  ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ရွှေကျင်မြို့နယ်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၀၂ ခုနှစ် နောက်ပိုင်းမှာ သိမ်းဆည်းထားတဲ့ အများပြည်သူပိုင် အမှုထမ်းပေါင်းစုံသဟာယ စာကြည့်တိုက် အဆောက်အဦကို စွန့်လွှတ်ပေးဖို့ ရွှေကျင်မြို့ရပ်မိရပ်ဖတွေက တောင်းဆိုနေကြတာပါ။

အမှုထမ်းပေါင်းစုံ သဟာယစာကြည့်တိုက်ကို ၁၉၅၆-၅၇ ခုနှစ်လောက်က မြို့နယ် ရပ်မိရပ်ဖတွေအပါအဝင် ၀န်ထမ်းပေါင်းစုံရဲ့ လစဉ်လှူဒါန်းငွေနဲ့ တည်ဆောက်ဖွင့်လှစ်ခဲ့တာပါ။

၂၀၀၂ ခုနှစ်နောက်ပိုင်းမှာတော့ အများပြည်သူပိုင် အမှုထမ်းပေါင်းစုံ သဟာယ စာကြည့်တိုက်  နဖူးစည်းကို ဖျက်ဆီးခဲ့ပြီး ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပိုင်အဖြစ် သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွန်း က “လက်ရှိမှာ နိုင်ငံတော်ဘတ်ဂျက်ငွေနဲ့ ညောင်ဝိုင်းရပ်ကွက် မင်းလမ်းမှာ ပြန်ကြားရေးဦးစီးဌာနရုံး ပြန်ကြားရေးဦးစီးဌာနပိုင် စာကြည့်တိုက်ဝန်ထမ်းနေအိမ် ၂ လုံး တို့ကို နေရာပြောင်းလဲ တည်ဆောက်ဖွင့်လှစ်ထားတာ ဖြစ်ပြီး တမြို့တည်း ရုံး ၂ ရုံး မဖြစ်သင့်တဲ့အတွက် အများပြည်သူပိုင် အမှုထမ်းပေါင်းစုံ သဟာဟ စာကြည့်တိုက်ကို ပြန်လည်တောင်းဆိုနေရတာ”လို့ ပြောပါတယ်။

ဒါ့အပြင်  မြို့မိမြို့ဖတွေ၊ လူငယ်တွေနဲ့ စုပေါင်းပြီး တည်ထောင်ထားတဲ့ စာကြည့်တိုက် နေရာမရှိတော့ မိုးနဲဘုန်းကြီးကျောင်းအောက်မှာ လာဖွင့်နေရပြီး ကလေးတွေအတွက် အင်္ဂလိပ်စာသင်တန်းပေးနေရာမှာ နေရာကျဉ်းလို့ အဆင်မပြေဘူးလို့ လည်းပြောပါတယ်။

မြို့နယ်သီတင်းကျွတ်မီးမျှောပွဲ ကျင်းပရေးကော်မတီက မြို့မိမြို့ဖ ကိုယ်စားလှယ် ၆ ဦး၊ စာကြည့်တိုက်အဖွဲ့က ကိုယ်စားလှယ် ၆ ဦး၊ YMBA အဖွဲ့ချုပ်ကတာဝန်ပေးအပ်တဲ့ မြို့မိမြို့ ၃ ဦးတို့က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ စာတင်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကို ဒီဗွီဘီက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပေမယ့် ဦးစီးမှူးသင်တန်းသွားနေတဲ့အတွက် တွေ့ဆုံခွင့် မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013