DVB Logo
Home
မြန်မာသတင်း
အင်းတော်-ကျန်တောကားလမ်းဘေးရှိ စည်ပင်အမှိုက်ပုံကို ရွှေ့ပြောင်းပေးစေလို
DVB
·
June 7, 2018
အင်းတော်-ကျန်တောကားလမ်းဘေးရှိ စည်ပင်အမှိုက်ပုံကို ရွှေ့ပြောင်းပေးစေလို
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ ကြာအင်းရွာအနီးရှိ စည်ပင်အမှိုက်ပုံက ထွက်ရှိတဲ့ အနံ့ဆိုးတွေကြောင့်  အမှိုက်ပုံကို ဒေသခံတွေက အမြန်ဆုံး ရွှေ့ပေးစေချင်နေကြပါတယ်။

အင်းတော်-ကျန်တောရွာသွား ကားလမ်းဘေးရှိ ဒသမ ၅ ဧကခန့်ရှိ မြေမှာ စည်ပင်က အမှိုက်စွန့်ပစ်နေတာ ၂၀၁၂ ခုနှစ်ကဖြစ်ပြီး  ၂၀၁၄ မှာ အမှိုက်ပုံမီးလောင်တာ သုံးကြိမ်လောက် ရှိပြီလို့ ကြာအင်းဒေသခံတွေက ပြောပါတယ်။

ဒီအမှိုက်ပုံက မီးလောင်မှု အမြဲဖြစ်ပွားပြီး ပတ်ဝန်းကျင်ကျေးရွာက အနံ့ဆိုးကို မခံနိုင်လို့ ၂၀၁၃-၂၀၁၄မှာတကြိမ်၊ ၂၀၁၆-၂၀၁၇ မှာ တကြိမ်စာပြန်တင်ခဲ့ပေမယ့် သက်ဆိုင်ရာက ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘူးလို့ အမှိုက်ပုံအနီးရှိနန့်ခင့်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။

“ကျန်တောရွာမှာ နိုင်ငံတော်က ချမှတ်လို့ရတဲ့ အသုံးချလို့ရတဲ့ မြေနေရာမျိုး ၃ ဧကထက်မနည်းသော မြေလွတ်မြေရိုင်းမြေကို ရှာပေးထားတယ်။ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ တင်ပြတယ်။ ဘာမပြီးသေးပါ၊ ညာမပြီးသေးဘူး ဆိုပြီး ဆင်ခြေပေးနေတာ တနှစ်ကျော်ခဲ့ပြီ။ အခု စစ်ဆေးလိုက်တဲ့အခါ လယ်ယာမြောင်းဘေးမှာ လယ်တွေကို ရေသွားနေတဲ့ မြောင်းကို ဒိုဇာတွေနဲ့ ထိုးချထားပြီ။ ဒါ မဖြစ်သင့်တဲ့အလုပ်တွေ နေရာမရှိလို့ ပြောနေတာ နေရာရှာပေးထားပြီ။ အဲဒီမှာ ပစ်စေချင်တယ်။ ဒါဟာ ရဟန်းရှင်လူပြည်သူများ သွားနေတဲ့ လမ်းကြီး ဒီအနံ့ဆိုးဟာ မခံနိုင်တော့ဘူးလို့”

အင်းတော်မြို့နယ် စည်ပင်သာရေးဌာနမှဦးစီးမှူး ဦးအေးမင်းထွန်းကတော့ အမှိုက်ပုံရွှေ့မယ့် နေရာက မြေလွတ်မြေရိုင်း ဖြစ်တဲ့အတွက် တခြားနည်း အသုံးပြုခွင့် ပြန်တင်ရတယ်။ တင်ထားတုန်း တိုင်းကနေ လာစစ်သွားပြီ။ အဲဒီကနေ ခွင့်ပြုချက်ရရင် ရွှေ့မယ်လို့ ပြောပါတယ်။

ကြာအင်းရွာမှ ဦးအောင်ခင်က “ဒီအမှိုက်ပုံကို မီးရှို့လိုက်ရင် ဒီနားမှာ ရွာသုံးရွာ လေးရွာရှိတယ်။ ကျနော်တို့နဲ့ မလှမ်းမကမ်းမှာ မြို့ရှိတယ်။ ဒီအမှိုက်ပုံကြီး မီးရှို့လိုက်ရင် လေး ငါးရက် တပတ်နဲ့ မီးမသေဘူးချင်ဗျ။ အဲဒီတော့ ကျနော်တို့က ဒီမှာ မပစ်စေချင်တော့ဘူး။ ဟိုဘက်မှာ နေရာချထားပြီးသားရှိတယ်။ သုံးဧကလောက် အဲဒီမှာပဲ ပစ်စေချင်တယ်။ နောက် ဒီကလယ်ကိုသွင်းတဲ့ မြောင်းရှိတယ်။ မြောင်းထဲကို ဖြန့်ချထားပြန်ပြီ။ နောက်ထပ်ပစ်ချင်တဲ့ သဘော။ ကျနော်တို့က လုံးဝ လုံးဝ မပစ်စေချင်တော့ပါဘူး”လို့ ပြောပါတယ်။

အမှိုက်ပုံ မီးလောင်မှုကြောင့် အင်းတော်ဒေသခံတွေနဲ့ အနီးအနားရှိကျေးရွာတွေက ဒေသခံတွေအနံ့ဆိုးတွေ ရှူရှိုက်နေရပြီး ကျန်းမာရေးထိခိုက်မှာကို စိုးရိမ်နေရကြောင်း၊ ကျွဲ နွား တိရစ္ဆာန်တွေလည်း စွန့်ပစ်ပလပ်စတစ်ပစ္စည်းတွေ စားသုံးမိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013