DVB Logo
Home
မြန်မာသတင်း
ခွန်တန်ကိစ္စ အမှန်တရားပေါ်ပေါက်ရေး သူရဦးရွှေမန်းကော်မရှင် ပြန်လည်သုံးသပ်မည်
DVB
·
June 6, 2018
ခွန်တန်ကိစ္စ အမှန်တရားပေါ်ပေါက်ရေး သူရဦးရွှေမန်းကော်မရှင် ပြန်လည်သုံးသပ်မည်
Donate to DVB

 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ အလံတရာကျေးရွာက ခွန်တန်ကို ကိုးကွယ်ယုံကြည်ကြတဲ့ ပအို့ဝ်တိုင်းရင်းသားတွေနဲ့ ဒေသခံတွေက ဇွန်လ ၅ ရက်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာအထူးကိစ္စရပ်များ ပြန်လည်လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံခဲ့ကြပြီး ခွန်တန်အမှု အမှန်တရားပေါ်ပေါက်ရေး ကော်မရှင်မှ ပြန်လည်သုံးသပ်သွားမယ်လို့ ကတိပေးခဲ့ကြောင်း အလံတရာနိဗ္ဗာန်ဆော်တွေကပြောပါတယ်။

ခွန်တန်ကို တရားစွဲဆိုထားတဲ့အမှုတွေကို ပြန်လည် စစ်ဆေးသုံးသပ်စေလိုတာကြောင့် အလံတရာနိဗ္ဗာန်ဆော် ခွန်လှထွန်း ဦးဆောင်ပြီး ခွန်တန်အမှုနဲ့ဖမ်းဆီးခံထားရတဲ့ ဦးအောင်ထွန်းလှ ရဲ့ဇနီး၊ခွန်တန်နဲ့လက်ချည်ခံရတယ်လို့ စွပ်စွဲခံရသူတွေနဲ့ အလံတရာရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်းတွေအပါအ၀င် ဒေသခံ ပအို့ဝ် တိုင်းရင်းသား ၈၁ ယောက် သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ကော်မရှင်ကို အလံတရာမှာ လက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေနဲ့ ခွန်တန်နဲ့ ပတ်သက်တဲ့ ဒေသခံတွေရဲ့ အခွင့်အရေးဆုံးရှုံးနေမှုတွေကို တင်ပြခဲ့တယ်လို့အလံတရာ နိဗ္ဗာန်ဆော်တစ်ဦးဖြစ်တဲ့ ကိုစောမောင်ကြီးကပြောပါတယ်။

“ကျနော်တို့ ၅ ရက်နေ့ နေ့လည် ၁ နာရီလောက်က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ပြန်လည်လေ့လာသုံးသပ်ရေးကော်မရှင်က သူရဦးရွှေမန်းနဲ့တွေ့ဆုံခဲ့ပါတယ်။ ကော်မရှင် အဖွဲ့ဝင်တွေ၊ ဒုဥက္ကဋ္ဌ တွေ အတွင်းရေးမှူးတွေလည်း ပါတယ်။ သူတို့အနေနဲ့ ဒီကိစ္စကို ဥပဒေအရ ပြန်သုံးသပ်ပြီး ကြိုးစားဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒီဒေသခံတွေ တင်ပြတာတွေကို သူတို့မှာလုပ်ပိုင်ခွင့်ရှိသလောက် ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီကိစ္စကို ၈၈ ကရင်မျိုးဆက်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်းအနေနဲ့ လိုက်ပါ ဆောင်ရွက်ပေးဖို့ သူတို့က လမ်းညွှန်လာပါတယ်။ ဒီကြားထဲမှာ သူတို့အစည်းဝေးထိုင်ဖို့လည်း ရှိပါတယ်။”

ခွန်တန်ကိစ္စနဲ့ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်ထားတဲ့အခြေအနေတွေကို မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာ အေးဇံကို မွန်လွှတ်တော်အစည်းအဝေးအပြီး မေးမြန်းပေမယ့်လည်း ဥပဒေရှိတဲ့အတွက် တရားဥပဒေအတိုင်းသာ လုပ်ဆောင်ထားကြောင်းသာ ပြောဆိုခဲ့ပါတယ်။

ခွန်တန်ကိစ္စနဲ့ပတ်သက်ပြီး သထုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကလည်း လက်ရှိကျင်းပနေတဲ့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့မှာ တရားဥပဒေစိုးမိုးရေးကို ဦးတည်ကာ မေးမြန်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ခွန်တန်ကို ယုံကြည်ကိုးကွယ်သူတွေက ယင်းကော်မတီကို စာတင်ပြီး ၁၅ ရက် စောင့်ကြည့်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အခွင့်အရေးချိုးဖောက်မှုများထပ်မံရှိလာပါက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ ထပ်မံတင်ပြသွားမှာဖြစ်ပါတယ်။

အာကာမင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013