
ဇွန်လ ၅ ရက်နေ့မှစ ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ခုတင် ၅၀၀ ဆေးရုံ အသည်းကုသဆောင် SR 1 မှာ ဆေးကုသမှု ခံယူနေတဲ့ ကိုရဲလွင်(မဇ္ဈိမလှိုင်း) ပန်းရဲ့လမ်း လူမှုကွန်ရက် ခေါင်းဆောင်ကို တူအရင်းဖြစ်သူ Rock အဆိုတော် မျိုးကြီးက လာရောက်သတင်းမေး ဂါဝရပြုခဲ့ပါတယ်။
အဆိုတော် ဂျေမောင်မောင်၊ နာရေးကူညီမှုအသင်းမှ ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ မဇူလိုင်သီ(ကိုခင်ဝမ်း သမီး)၊ လေးစားသူ မိတ်ဆွေ သူငယ်ချင်းများ လာရောက်အားပေး သတင်းမေးခဲ့ကြပါတယ်။
ကိုရဲလွင်ရဲ့ ကျန်းမာရေးအခြေနေမှာ မနေ့ကထက် တိုးတက်ကောင်းမွန်တယ်လို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ - လွင်မှိုင်း











