DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများပြန်လာရေး ပူးပေါင်းလုပ်ဆောင်ရန် အစိုးရနှင့်ကုလအေဂျင်စီတို့ သဘောတူ
DVB
·
June 6, 2018
နေရပ်စွန့်ခွာသူများပြန်လာရေး ပူးပေါင်းလုပ်ဆောင်ရန် အစိုးရနှင့်ကုလအေဂျင်စီတို့ သဘောတူ
Donate to DVB

 

နေရပ်စွန့်ခွာသွားသူများ ပြန်လာရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ဖို့အတွက် အစိုးရနဲ့ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးလိုက်ပါတယ်။

ဇွန်လ ၆ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟို ဌာနမှာ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

အခု လက်မှတ်ရေးထိုးတဲ့ နားလည်မှုစာချွန်လွှာအရ နေရပ်စွန့်ခွာသွားသူများ မိမိ သဘောဆန္ဒအလျောက် ပြန်လာရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်တာ၊ ရှေ့ပြေး စီမံကိန်းများ ဆောင်ရွက်နိုင်ရေး ဆန်းစစ်မှုများ ပြုလုပ်တာ၊ အသိုင်းအ၀ိုင်းအားလုံးကို အကျိုး ဖြစ်ထွန်းစေမယ့် အတူယှဉ်တွဲနေထိုင်ရေး ရှေ့ပြေးစီမံကိန်းနဲ့ အခြားစီမံကိန်းများကို အကောင်အထည်ဖော်တာ စတဲ့လုပ်ငန်းများမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ မြန်မာအစိုးရကို အထောက်အပံ့ပြုသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အလားအလာရှိတဲ့ ဒေသများမှာ ပြန်လည်ထူထောင် တည်ဆောက်ရေးကို အခြေခံတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရာမှာလည်း ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နဲ့  အတူတကွ ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ အတိုင်ပင်ခံရုံး သတင်းမှာ ဖော်ပြပါတယ်။

အခုလို နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့်  မြန်မာအစိုးရက ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့ နေရပ်စွန့်ခွာသွားသူများ မိမိသဘောဆန္ဒ အလျောက် လုံခြုံဘေးကင်း သိက္ခာရှိစွာ ပြန်လာနိုင်ရေး လုပ်ငန်းများကို ပိုမိုအားဖြည့် မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့မှာ ကနဦးလက်မှတ်တို ရေးထိုးခဲ့ပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးတဲ့နောက် ဒီနေ့ ဇွန်လ ၆ ရက်မှာ လက်မှတ် ရေးထိုးခဲ့ကြတားဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရနဲ့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ဟာ အလားတူ နားလည်မှုစာချွန်လွှာမျိုးကို  ၁၉၉၃ ခုနှစ်တုန်းက လက်မှတ်ရေးထိုးခဲ့ဖူးပြီး နေရပ်စွန့်ခွာသူ ၂၃၀၀၀၀ ခန့်ကို ပြန်လည် စိစစ်လက်ခံခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013