DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ရှိ ရွှေကျောင်းကြီး အလုံးစုံထိန်းသိမ်းပြုပြင်ရန် ရန်ပုံငွေလိုအပ်
DVB
·
June 6, 2018
မန္တလေးမြို့ရှိ ရွှေကျောင်းကြီး အလုံးစုံထိန်းသိမ်းပြုပြင်ရန် ရန်ပုံငွေလိုအပ်
1 / 7
Donate to DVB

 

မန္တလေးမြို့ ရွှေနန်းတော်ကျောင်း (ခ) ရွှေကျောင်းကြီး အလုံးစုံထိန်းသိမ်းပြုပြင်ဖို့အတွက် ရန်ပုံငွေလိုအပ်နေတယ်လို့ ရွှေကျောင်းကြီး ထိန်းသိမ်းပြုပြင်မှု ဒါရိုက်တာ မစ္စတာဂျက်အယ်လမ် (Mr.Jeffrey R.Allen) က ပြောပါတယ်။

“နိုင်ငံတကာကို တောင်းရမှာဖြစ်ပေမယ့် မြန်မာအဖွဲ့စည်းတွေ ယဉ်ကျေးမှုချစ်တဲ့ သူတွေပါ ပါလာရင် ကောင်းပါတယ်။ မြန်မာတွေက နည်းရင်နည်းပါစေ စပြီးလှူသွားရင် တာ ထွက်ပေးသွားရင် နိုင်ငံတကာရော အခြားအလှူရှင်တွေလည်း ပေါ်လာမှာဖြစ်ပါတယ်” လို့ ဇွန်လ ၆ ရက်နေ့ ဂျက်ဖာဆန်စင်တာမှာ ပြုလုပ်တဲ့ ရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး လိုအပ်ချက်နဲ့ ဆောင်ရွက်နေမှု အခြေအနေတွေကို စီမံကိန်းဒါရိုက်တာက ဆိုပါတယ်။

ရွှေနန်းတော်ကျောင်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ရွှေကျောင်းကြီး ထိန်းသိမ်းပြုပြင်ဖို့ ပြည်တွင်းမှာ အရန်ပုံ အလှူငွေအတွက် ခွင့်ပြုထားခြင်းမရှိဘူးလို့ ပြောပါတယ်။

ရွှေကျောင်းကြီးကို ကမ္ဘာ့ရှေးဟောင်းအဆောက်အုံများ ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ WMF ပံ့ပိုးမှုနဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အကူအညီနဲ့ ပြုလုပ်နေတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က စတင်ပြီး WMF ပံ့ပိုးမှုနဲ့ ထိန်းသိမ်းပြုပြင်မှုတွေ ဆောင်ရွက်နေတာ ပထမအရစ်အနေနဲ့ အမေရိကန်ဒေါ်လာ ၅ သိန်း၊ ဒုတိယအကြိမ် ထိန်းသိမ်းပြုပြင်ဖို့အတွက် ဒေါ်လာ ၃ သိန်းနဲ့ ဆောင်ရွက်နေတဲ့အပိုင်းမှာ ၀ရန်တာနဲ့ နယားတွေ ထိန်းသိမ်းပြုပြင်တဲ့ အပိုင်းတွေဖြစ်ပါတယ်။ နောက်ထပ် ကျန်ရှိနေတဲ့ အရှေ့ဘက်နဲ့မြောက်ဘက်ပိုင်းနဲ့ ရွှေနန်းတော်ကျောင်းကြီး အ၀န်းတခုလုံးသာယာဖို့အတွက် ၁ ဒသမ ၇ မီလီလျံ လိုအပ်နေတယ် လို့ စီမံကိန်းအတွင်းက သိရပါတယ်။

ရွှေကျောင်းကြီး ၀ရန်တာအတွက် ကျွန်းတိုင်လုံးအသစ်တွေ အစားထိုးသလို တောင်ဘက်အပိုင်းရဲ့ ကော်လံသုံးခုစာအတွက် ကျွန်းတိုင်လုံးအဟောင်းကို အစားထိုးအသုံးပြု တာတွေကို ဆောင်ရွက်နေတာပါ။ ကုန်းဘောက်ခတ်လက်ရာ ရုပ်လုံးရုပ်ကြွတွေကို အသေချာ အစားသွင်း ဆောင်ရွက်နိုင်ရင် ယူနက်စကို စာရင်းဝင်နိုင်အောင် လုပ်ဆောင်သွားနိုင်မယ်လို့ စီမံကိန်း ဒါရိုက်တာက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတကာ ပညာရှင်တွေနဲ့အတူ နည်းပညာကျောင်းက ကျောင်းသူ ကျောင်းသားတွေ လုပ်အားနဲ့ မန္တလေးတိုင်း ရှေးသုဌာနတို့ပူးပေါင်းပြီး ထိန်းသိမ်းတာတွေကို ပူးပေါင်း ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013