DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မရှင်ကို ပြည်တွင်းပညာရှင်များဖြင့်သာ ဖွဲ့စည်းရန် ကြံ့ခိုင်ရေးအမတ် အရေးကြီးအဆိုတင်
DVB
·
June 6, 2018
ရခိုင်ကော်မရှင်ကို ပြည်တွင်းပညာရှင်များဖြင့်သာ ဖွဲ့စည်းရန် ကြံ့ခိုင်ရေးအမတ် အရေးကြီးအဆိုတင်
Donate to DVB

ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ့်ကိစ္စမှာ ပြည်ပ ပညာရှင်တွေအစား ပြည်တွင်းက ပညာရှင်တွေနဲ့ စစ်ဆေးဖို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတင်ပြီး တိုက်တွန်းလိုက်ပါတယ်။

အာဆာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုပြီးနောက် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ဆက်နွှယ်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ်ကို ဖွဲ့စည်းမယ်လို့ နိုင်ငံတော် သမ္မတရုံးကနေ  မေလ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အဖွဲ့ဝင် ၃ ဦးပါတဲ့ ဒီကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တယောက် ပါဝင်မယ်လို့လည်း ဖော်ပြထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မိုင်းပန်မဲဆန္ဒနယ်က ကြံ့ခိုင်ရေး ပါတီအမတ် စိုင်းကျော်မိုးက အရေးကြီး အဆိုတင်လိုက်တာပါ။

“ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး တင်ပြရရင် မဖြစ်မီအခြေအနေ၊ ပကတိဖြစ်စဉ်တွေ၊ နောက်ဆက်တွဲ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးတာကို ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်ပိုင်းဆိုင်ရာတို့က တရားဝင် ထုတ်ပြန်ထားပြီးဖြစ်တာကြောင့် ဘယ်ပြည်ပက အမိန့်ပေး စေခိုင်းတာကြောင့် ထပ်ပြီးဆောင်ရွက်ဖို့ မလိုဘူးလို့ ထင်ပါတယ်” လို့ အဆိုတင်လိုက်တာပါ။

အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးဖို့နဲ့ မဖြစ်မနေ ဖွဲ့စည်းမယ်ဆိုပါက ပြည်တွင်းပညာရှင်တွေနဲ့သာ ဖွဲ့စည်းနိုင်ဖို့အတွက် အရေးကြီးအဆိုကို တင်သွင်းရတာ ဖြစ်တယ်လို့ အဆိုရှင်က ပြောပါတယ်။

ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ရင် နိုင်ငံတကာကပုဂ္ဂိုလ်တွေ ပါဝင်လို့ ပြဿနာဟာ မပြေလည်လာဘဲ ပိုပြီး ဆိုးလာတာကို တွေ့ရမယ်လို့လည်း စိုင်းကျော်မိုးက ပြောပါတယ်။

“ဒီကော်မရှင်ကို ဖွဲ့မယ်ဆိုရင် ကိုဖီအာနန်ရဲ့ ကော်မရှင်၊ ဒုတိယသမ္မတရဲ့ ကော်မရှင်၊ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ အကြံပေးအဖွဲ့တွေကို ပစ်ပယ်ရာရောက်မှာ ဖြစ်ပါတယ်။ အာဆာအကြမ်းဖက်မှုပြီးနောက် ဆိုတဲ့အတွက် တည်ငြိမ်အေးချမ်းမှုရအောင် ဆောင်ရွက်နေရတဲ့ ကာလဖြစ်လို့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေဖြစ်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးရမှာဖြစ်လို့ အစိုးရကို စုံစမ်းစစ်ဆေးနေသလို ဖြစ်နေပါတယ်”

အဲဒီအဆိုကို ထောက်ခံခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးမောင်မြင့်ကလည်း အစိုးရအနေနဲ့ နိုင်ငံတကာပုဂ္ဂိုလ် ဦးဆောင်ဖွဲ့စည်းမယ်ဆိုရင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်ပြီး လိုသလို ကောက်ချက်ချနိုင်တဲ့အတွက် နိုင်ငံတကာပုဂ္ဂိုလ်အစား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒါမှမဟုတ် ယခင် ပထမအကြိမ် လွှတ်တော်မှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့ကြတဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ ဦးဆောင်ပြီး ပြည်တွင်းပညာရှင်တွေနဲ့သာ ဖွဲ့စည်းစစ်ဆေးဖို့ အကြံပြုတင်ပြခဲ့ပါတယ်။

အရေးကြီးအဆိုကိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးက လက်ခံဆွေးနွေးဖို့ သဘောတူညီလိုက်တဲ့အတွက် အဆိုကို လာမယ့် ဇွန်လ ၈ ရက် သောကြာနေ့မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သတင်း - အောင်ဆန်းဦး၊ ပိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013