DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ရွှေ့ဆိုင်း
DVB
·
July 2, 2012
သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ရွှေ့ဆိုင်း
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ဇူလိုင် ၁၅ ရက်နေ့ မှာ မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားတာကို  ရခိုင်ပြည်နယ်တွင်း ပြဿနာတွေကြောင့် ရွှေ့ဆိုင်း လိုက်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန် မိုဟာမက် မီဂျာရယ် ကွာရက်စ် (Mijarul Quayes)က မြန်မာသမ္မတဟာ ဇူလိုင်လလယ်မှာ ဘင်္ဂလားဒေ့ရှ်ကို လာရောက်တော့မှာ မဟုတ်တဲ့ အကြောင်း၊ ဇူလိုင် တတိယပတ်မှာစမယ့် အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမဒန်ဥပုသ်လ ထွက်ပြီးချိန်လောက်မှာ လာလည်မယ့်နေ့ သတ်မှတ်ဖို့ရှိတဲ့ အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာထားတဲ့အတွက် သမ္မတ ဦးသိန်းစိန် အနေနဲ့ ပြည်ပကို ခရီးမထွက်နိုင်သေးဘူး လို့ မြန်မာဘက်က ပြောလာတဲ့အကြောင်း တနင်္ဂနွေနေ့က ဒါကာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားသွားပါတယ်။

ဒါပေမယ့် မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရောက် ရှိနေပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဆင့် ဆွေးနွေးပွဲတွေ ပြုလုပ်နေပါတယ်။ ဒီဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်ထဲက ထွက်ပြေးလာတဲ့ မူဆလင်တွေ ကိစ္စလည်း ဆွေးနွေးခဲ့ကြတယ် လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေ မှာ ဖော်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဇူလိုင် ၁၅ ရက်ကနေ ၁၇ ရက်ထိ ၃ ရက်ကြာ လာရောက်လည်ပတ်ဖို့ မူလက စီစဉ်ခဲ့တာပါ။ တကယ်လို့ မြန်မာ သမ္မတ ဘင်္ဂလားဒေ့ရှ်ကို လာဖြစ်ခဲ့ရင် ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ် သမ္မတနဲ့ ၀န်ကြီးချုပ်တို့ အပါအ၀င် အစိုးရထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စ၊  လေကြောင်းသယ်ယူပို့ဆောင်ရေး ကိစ္စတွေ နှစ်နိုင်ငံနယ်စပ်က ဒုက္ခသည်တွေ ကိစ္စလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေမှာ ရေးပါတယ်။

မြန်မာသမ္မတဦးသိန်းစိန် လာရောက် လည်ပတ်မယ့် ရက်သတ်မှတ်နိုင်ဖို့ အရေး  နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကြိုးစားနေကြတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အတွင်းဝန်က ပြောပါတယ်။ ဒါပေမယ့် ဘယ်နေ့ကို ရက်ရွှေ့ဆိုင်းလိုက်တာလဲ ဆိုတာကိုတော့ အတိအကျပြောဆိုခြင်း မရှိပါဘူး။

သမ္မတ ဦးသိန်းစိန်ဟာ ပြည်တွင်းရေးပြဿနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက် လည်ပတ်မယ့် ခရီးစဉ်ကိုလည်း နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်း ထားခဲ့ရပါတယ်။

သမ္မတရဲ့ ခရီးစဉ်အပြင်  ဇူလိုင် ၂၂ ရက်ကနေ ၂၆ ရက်ထိ ဒါကာမြို့ မှာ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ အကြီးအကဲတွေ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကိုလည်း မြန်မာ နစက အကြီးအကဲတွေ ရခိုင်ပြည်နယ်ပြဿနာ ကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် အလုပ်များနေတာကြောင့် ရွှေ့ဆိုင်းထား ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013