DVB Logo
Home
မြန်မာသတင်း
အင်းဒင်လူသတ်မှုဆောင်းပါးကို တရားရုံးကသက်သေအဖြစ် လက်ခံ
DVB
·
June 5, 2018
အင်းဒင်လူသတ်မှုဆောင်းပါးကို တရားရုံးကသက်သေအဖြစ် လက်ခံ
Donate to DVB

 

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ရေးသားထားတဲ့ ရခိုင်ပြည်နယ် အင်းဒင်လူသတ်မှုအကြောင်းသတင်းဆောင်းပါးကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက သက်သေအဖြစ် လက်ခံလိုက်ပါတယ်။

အရင်ရုံးချိန်းတွေတုန်းက ၂ ကြိမ်တိတိ သက်သေအဖြစ်တင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ဒီသတင်းဆောင်းပါးကို ၃ ကြိမ်မြောက်တင်တဲ့ ဒီနေ့မှာ လက်ခံခဲ့တာဖြစ်တယ်လို့ စွပ်စွဲခံ ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေက ပြောပါတယ်။

ပယ်ချခံခဲ့ရတဲ့ ကိစ္စတွေဟာ သက်သေလာထွက်ဆိုတဲ့ ရဲတွေရဲ့ရာထူးအဆင့်နဲ့ဆိုင်ပြီး အခု ရဲမှူးအောင်ကျော်ဆန်းက စီအိုင်ဒီက နည်းပညာကျွမ်းကျင်သူ အဆင့်မြင့်သက်သေ ဖြစ်တဲ့ အတွက်ကြောင့် တရားသူကြီးက လက်ခံလိုက်တာဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ဒါအပြင် စီအိုင်ဒီက နည်းပညာကျွမ်းကျင်သူ ရဲမှူးအောင်ကျော်ဆန်းဟာ သက်သေအဖြစ် သူတင်ခဲ့တဲ့ ဖုန်းထဲက အထူးလျှို့ဝှက်ချက်ဆိုတဲ့ စာရွက်တွေဟာ အများပြည်သူ သိနှင့်ထား ပြီးသား စာရွက်စာတမ်းတွေဖြစ်တယ်ဆိုတာကိုလည်း ဒီကနေ့ တရားရုံးထဲမှာ ဝန်ခံထွက်ဆို သွားတယ်လို့ ဖမ်းဆီးခံ ရိုက်တာသတင်းထောက်ကိုဝလုံးက ပြောပါတယ်။

ရိုက်တာသတင်းထောက်တွေဟာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆို ခံထားရပြီး ဇွန် ၅ ရက် ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ၂၄ ကြိမ်မြောက် ရုံးထုတ်ပြီး ရဲမှူးအောင်ကျော်ဆန်းကိုလည်း တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပါတယ်။

နောက်တပတ်ရုံးချိန်းကိုတော့ ဇွန် ၁၁ ရက်နေ့မှာ ဆက်လက်ရုံးထုတ်ပြီး ကျန်နေသေးတဲ့ တရားလိုပြသက်သေ သုံးယောက်ထဲက တဦးကို စစ်ဆေးသွားဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013