DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ဓာတုဗေဒဆေးကီလို ၁၅၀၀၀ တာချီလိတ်တွင် ဖမ်းမိ
DVB
·
June 5, 2018
တရားမ၀င်ဓာတုဗေဒဆေးကီလို ၁၅၀၀၀ တာချီလိတ်တွင် ဖမ်းမိ
Donate to DVB

 

ထိုင်းနိုင်ငံကနေ မြန်မာဘက်ခြမ်း တာချီလိတ်ကို တရားမ၀င်သယ်ဆောင်လာတဲ့ ဆိုဒီ ယမ်ဆိုင်ယံနိုက်ဓာတုဆေးရည်ပေါင်း အလေးချိန် ကီလိုဂရမ် တစ်သောင်းခွဲကို မြန်မာ အာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့  မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်က ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ် ၂ မှာ မြန်မာအာဏာပိုင်တွေဘက်က အ၀င်အထွက်ကားတွေ ပုံမှန်စစ်ဆေးနေစဉ် ထိုင်းဂိတ်ဘက်က ၀င်လာတဲ့ မသင်္ကာဖွယ်ကားတစီးကို စစ်ဆေးခဲ့ကြောင်း၊ ယာဉ်မောင်းသူမှာ ထိုင်းနိုင်ငံသား နိုင်းဆုမ်ဆ၀ဒီ ကယောက်တစ် (အသက် ၄၂ နှစ်)ဖြစ်ပြီး ကား နောက်ခန်းမှာ အ၀တ်နက်တွေနဲ့ အုပ်ထားတဲ့ အလျူမီနီယမ်ပေပါပုံး အလုံးရေ ၃၀၀ တင်ဆောင် လာတာတွေ့ရှိရတယ်လို့  ဆိုပါတယ်။

ဆက်လက်စစ်ဆေးရာမှာ အဆိုပါပေပါပုံးတွေထဲမှာ ဆိုဒီယမ်ဆိုင်ယံနိုက်ဓာတုဆေး တွေ တွေ့ရှိရကြောင်း၊ ပေပါတပုံးကို ဓာတုဆေး ၅၀ ကီလိုဂရမ်ရှိပြီး အလုံးရေ ၃၀၀ ပါလာ တဲ့အတွက် အလေးချိန်စုစုပေါင်း ၁၅၀၀၀ ကီလိုဂရမ် ရှိတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းမှာ ဆေးရည်တင်သွင်းခွင့် အထောက်အထားတစုံတရာမရှိတဲ့အပြင် အဆိုပါ ဓာတုဆေးမှာ မြန်မာအစိုးရက အန္တရာယ်ဖြစ်စေသောဓာတုဆေးဝါးအဖြစ်သတ်မှတ်ထားပြီး ခွင့်ပြုချက်မရှိတဲ့အတွက် အဆိုပါယာဉ်မောင်းကို  မြန်မာနိုင်ငံတည်ဆဲ ဥပဒေနဲ့အညီ အရေးယူဖို့ ဖမ်းဆီးထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

နယ်စပ်ဂိတ်အရာရှိတဦးက အဆိုပါ ဓာတုဆေးမှာ မက်တာဖီတမင်းဆေးပြားနဲ့ အိုက်စ် စတဲ့ မူးယစ်ဆေးဝါထုတ်လုပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပြီး ဓာတုဆေး ၁ ကီလိုလျှင် အိုက်စ်ဆေး ၄၀၀ ဂရမ် ထုတ်လုပ်နိုင်ကြောင်း၊ ဖမ်းဆီးရမိတဲ့ ဓာတုဆေးတွေကို မြန်မာ ဘက်ခြမ်းလုပ်ငန်းရှင်တွေက တရုတ်နယ်စပ်ကို ပြန်လည်ဖြန့်ချိဖွယ်ရှိတယ်လို့ ဆိုပါတယ်။

        ဓာတုဆေးသယ်ဆောင်လာရာလမ်းကြောင်းကို ပြန်လည်စစ်ဆေးရာမှာ အဆိုပါကားဟာ .အရင်ကလည်း ချင်းမိုင် - ချင်းရိုင်းနဲ့ မယ်ဆိုင်ကို အခေါက်ခေါက်အခါခါသွားလာခဲ့ပြီး မေလ ၃၁ ရက်က ချင်းရိုင်းမြို့ကနေ မဲဆိုင်ဘက်ကို ထွက်လာတာတွေ့ရှိတယ်လို့ ဆိုပါတယ်။

အခုလို  တရားမ၀င်ဓာတုဆေး အမြောက်အမြားဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တာချီလိတ်အာဏာပိုင်တွေဆီ ဆက်သွယ်မေးမြန်းရာမှာ မြို့နယ်အုပ်ချုပ်ရေးရုံး ၀န်ထမ်းတဦး က ဓာတုဆေးဖမ်းမိတာ မှန်ကန်ကြောင်းအတည်ပြုပြီး အသေးစိပ်ကိုတော့ မြို့နယ်ရဲ တပ်ဖွဲ့ကို ဆက်မေးဖို့ ပြောပါတယ်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းတပ်ကြပ်ကြီးကို ဆက်သွယ်မေးမြန်းဖို့ ပြောပေမယ့် ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013