DVB Logo
Home
မြန်မာသတင်း
တရုတ်ပြည်ကို ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုမည်
DVB
·
June 5, 2018
တရုတ်ပြည်ကို ဆန်တန်ချိန် ၁ သန်း တင်ပို့ရန် နှစ်နိုင်ငံ စာချုပ်ချုပ်ဆိုမည်
Donate to DVB

တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ ဆန်တန်ချိန် ၁ သန်း တင်ပို့ဖို့အတွက် နှစ်နိုင်ငံသဘောတူ စာချုပ်ချုပ်ဆိုဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ဆန်ကို ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို အစိုးရအချင်းချင်း ချိတ်ဆက် တင်ပို့နေသလို တရုတ်နိုင်ငံကိုလည်း  ဆန်တန်ချိန် ၁ သန်း တင်ပို့ဖို့ နှစ်ဖက်အစိုးရနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းနေတယ်လို့ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။

တရုတ်နိုင်ငံကို ဆန်တန်ချိန် ၁ သန်း တင်ပို့ဖို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရနဲ့ ကူမင်ပြည်သူ့ အစိုးရတို့အကြား ကုန်သွယ်မှုနားလည်မှုစာချွန်လွှာ ရေးထိုးဖို့ လုပ်ဆောင်နေတာပါ။

အဲဒီသဘောတူစာချုပ် မူကြမ်းမှာ နှစ်နိုင်ငံကုန်သွယ်မှုအတွက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၁ သန်းကို တရုတ်အစိုးရက ဝယ်ယူမှာဖြစ်ပြီး အဲဒီတန်ဖိုးနဲ့ညီမျှတဲ့ တရုတ်နိုင်ငံက လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ သံနဲ့သံမဏိပစ္စည်းတွေကို မြန်မာဘက်က ပြန်လည်ဝယ်ယူဖို့ ပါရှိပါတယ်။

မြန်မာဘက်က ဆန်ကို တရုတ်အစိုးရက အဆိုပြုထားတဲ့ ရွှေချိုက်ကုမ္ပဏီကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် အသင်းဝင်ကုမ္ပဏီတွေနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင်ကုမ္ပဏီတွေက လက်မှတ်ရေးထိုးပြီး ရောင်းချသွားဖို့ သဘောတူထားတာပါ။

မြန်မာ့ဆန်နဲ့ ဆန်ကွဲကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၁ ဒသမ ၇ သန်းကျော်နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် စံချိန်တင် တင်ပို့နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013