
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ထဲက ပုန်းညက်ကျေးရွာမှာ အမှိုက်ကောက်တာနဲ့ ပလတ်စတစ် ညစ်ညမ်းမှု အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ WCS မြန်မာအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပုန်းညက်ရွာဟာ ကျိန္တလီမြို့နယ်ထဲမှာ အကောင်အထည်ဖော်နေတဲ့ ၂၈၀ စတုရန်းမိုင် အကျယ်ရှိ ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲရေးဧရိယာထဲက ကျေးရွာတရွာ ဖြစ်ပြီး အဲဒီလှုပ်ရှားမှုကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ၊ ဒေသခံရွာသားတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ၁၀၀ ကျော် ပါဝင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
Photo : WCS Myanmar










