DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 5, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲအဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၅၂,၃၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၀,၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂,၃၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက အဟောင်း တအိတ်ကို ငွေကျပ် ၅၁,၁၂၅ ကျပ်  ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၈၂၅ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၄၈,၅၀၀ ကျပ်ကနေ ငွေကျပ် ၄၉,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၁၂၅  ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၆၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၄,၈၀၀ ကျပ်  ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၂၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပန်းနှမ်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပန်းနှမ်းက ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၉,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တတင်းကို ငွေကျပ် ၂၂,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၁,၃၇၅ ကျပ်ကနေ ၂၁,၄၅၀ ကျပ် ပေါက်ဈေးရှိပြီး  တအိတ်ကို ၇၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၈၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မြေပဲဆံနီ
အောင်လံကုန်စည်ဒိုင်မှာ မြေပဲဆံနီက တပိဿာကို ၂,၁၇၅ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂,၂၅၀ ကျပ်ကနေ ၂,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး အောင်လံနဲ့ မုံရွာကုန်စည်ဒိုင် တပိဿာကို ၁၂၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ကုလားပဲကတော့ ပြီးခဲ့တဲ့ ၃ ရက်လောက်က စပြီး ဈေးပြန်တက်လာပါတယ်။ မေလ နောက်ဆုံးပတ်ကတည်းက ပြည်တွင်း ဝယ်ယူမှု လျော့ကျသွားတဲ့အတွက် ဈေးက ကျဆင်းခဲ့ပေမယ့် ဒီတပတ်မှာတော့ ဒေသတွင်း ပဲခွဲစက်တွေက ပြန်ဝယ်ယူလာတဲ့အတွက်ကြောင့် ဈေးက ပြန်တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် တအိတ်ကို ၂,၀၀၀ ကျပ်လောက် ဈေးတက်လာပါတယ်။

နောက်သီးနှံတခုကတော့ ပန်းနှမ်းပဲ ဖြစ်ပါတယ်။ တခြား နှမ်းအမျိုးအစားတွေက အဝယ်လိုက်လို့ ဈေးတက်နေပေမယ့် ပန်းနှမ်းကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေခဲ့ပါတယ်။ ပန်းနှမ်းကို အဓိက ရှမ်းပြည်နယ်တောင်ပိုင်းမှာ စိုက်ပျိုးပြီး ပန်းနှမ်းက အခြား နှမ်းအမျိုးအစားတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အရောင်းအဝယ်နည်းတဲ့အတွက် ဈေးကွက် အနေအထား အားနည်းတာကိုလည်း တွေ့ရပါတယ်။

ပန်းနှမ်းက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လကတည်းက ဈေးတဖြည်းဖြည်း ကျဆင်းခဲ့တာဖြစ်ပြီး ၂၀၁၈ နဲ့ နှိုင်းယှဉ်ရင် တနှစ်အတွင်း တအိတ်ကို ငွေကျပ် ၂၀,၀၀၀ ကျော် ဈေးက ကျဆင်းသွားခဲ့ပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013