DVB Logo
Home
မြန်မာသတင်း
ရှေ့တန်းရောက် တပ်မတော်သားတွေရဲ့ဘဝသရုပ်ဖော် ‘ကျွန်တော်တို့ ချစ်သော’ရုပ်ရှင်(နမူနာ)
DVB
·
June 5, 2018
ရှေ့တန်းရောက် တပ်မတော်သားတွေရဲ့ဘဝသရုပ်ဖော် ‘ကျွန်တော်တို့ ချစ်သော’ရုပ်ရှင်(နမူနာ)
Donate to DVB

ရှေ့တန်းစစ်မျက်နှာပြင်နဲ့ တပ်မတော်သားတွေရဲ့ ဘ၀အခြေအနေတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ‘ကျွန်တော်တို့ချစ်သော’ အမည်ရတဲ့ ရုပ်ရှင်ကို မကြာခင်မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။

တင်အောင်စိုး(ပန်းမြို့တော်)ရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝင်းဆောင်(နေကြာရိုင်း)က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

သမားရိုးကျပုံစံကနေ ကွဲထွက်လာတဲ့ ပုံစံတမျိုးနဲ့ ထွက်ရှိလာတဲ့ ဒီရုပ်ရှင်ကားကတော့ စစ်ကားတကား ဖြစ်ပေမယ့် ပေါ်လစီမပါတဲ့ မြန်မာစစ်ကားဖြစ်တယ်ဆိုပြီး ကြော်ငြာထားတာပါ။

ဒီကားထဲမှာ သရုပ်ဆောင် မင်းသား စိုးရန်အောင်နဲ့ မင်းသမီး မိုးယုစံတို့က ခေါင်းဆောင် ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါ တယ်။

ဒီကားဟာလည်း မထွက်ခင်ကတည်းက Trailer မှာတင် နာမည်ကြီးနေခဲ့တာ ဖြစ်ပြီး ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်တဲ့ ‘သူရဲကောင်းအစစ်’ သီချင်းဟာလည်း နာမည်ကြီးနေပါတယ်။

ဒီသီချင်းကိုတော့ တေးရေး အကယ်ဒမီ ဓီရာမိုရ်က ရေးစပ်ထားကာ အဆိုတော် ထက်လူနဲ့ မေမင်းတို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013