DVB Logo
Home
မြန်မာသတင်း
ကော့မှူးမြို့နယ်တွင် ဘက်စုံသုံးဆိပ်ကမ်း တည်ဆောက်ရန် စီစဉ်နေ
DVB
·
June 5, 2018
ကော့မှူးမြို့နယ်တွင် ဘက်စုံသုံးဆိပ်ကမ်း တည်ဆောက်ရန် စီစဉ်နေ
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာမှာ စက်သုံးဆီ သိုလှောင်ကန်တွေ ပါဝင်တဲ့ ဘက်စုံသုံး ဆိပ်ကမ်းတည်ဆောက်ဖို့တိုင်း အစိုးရက စီစဉ်နေပါတယ်။

ဇွန်လ ၅ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် သရက်တော ကျေးရွာမှာ Multipurpose Terminal ဘက်စုံသုံး ဆိပ်ကမ်းတည်ဆောက်ဖို့ လုပ်ငန်း စီမံကိန်း အစီရင်ခံစာ”ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “အခုဆိပ်ကမ်းဟာ ဘက်စုံသုံး ဖြစ်တဲ့အတွက် စက်သုံးဆီ ဆိပ်ကမ်း၊ သိုလှောင်ကန်တွေ ပါဝင်မှာ ဖြစ်သလို ပို့ကုန်၊ သွင်းကုန် အတွက်ကိုလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။ ဆိပ်ကမ်းတည်နေရာရဲ့ ရေစူးအနက်က သီလဝါ ဆိပ်ကမ်းထက် ပိုနက်တဲ့အတွက် ပြည်ပသင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မှာဖြစ်ပါတယ်။ စက်မှုဇုန်တွေနဲ့ နီးကပ်တဲ့အတွက် သယ်ယူပို့ဆောင်ရေးမှာလည်း ရန်ကုန်မြို့တွင်းကို မထိခိုက်ပဲ အဆင်ပြေချောမွေ့နိုင်ပါတယ်။ ဒီဆိပ်ကမ်းကို ရန်ကုန်တခုထဲအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံးက ကုန်စည်စီးဆင်းမှု အတွက်လည်း ရည်ရွယ်ပါတယ်”လို့ ပြောပါတယ်။

ဆိပ်ကမ်းကို ကော့မှူးမြို့နယ်၊ သရက်တောကျေးရွာနဲ့ ကွမ်းခြံကုန်းမြို့နယ် တော့ဂနူးကျေးရွာကြား မြေဧရိယာ ၁၀၅၃ ဧက မှာ တည်ဆောက်ဖို့ ယာထားပါတယ်။

စီမံကိန်း ပထမအဆင့် အနေနဲ့  မြေဧရိယာ ၅၀၀ ဧက ကို စတင်အကောင်ထည်ဖော်ဖို့ ယာထားပြီး မြစ်ကမ်းနားအရှည် ၂.၂ ကီလိုမီတာကို အသုံးပြုဖို့ ယာထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013