DVB Logo
Home
မြန်မာသတင်း
ဖယ်​ခုံတောင်​သူ​ ၄ ဦး ယာ​မြေကို ဆက်မလုပ်​ရန် တပ်​မ​တော်​ တားမြစ်
DVB
·
June 5, 2018
ဖယ်​ခုံတောင်​သူ​ ၄ ဦး ယာ​မြေကို ဆက်မလုပ်​ရန် တပ်​မ​တော်​ တားမြစ်
1 / 2
Donate to DVB

ရှမ်းပြည်​​နယ်​​တောင်​ပိုင်း၊ ဖယ်​ခုံမြို့က ​​တောင်​သူ ၄ ဦး ထွန်​ယက်​စိုက်​ပျိုး​နေတဲ့ ​ယာ​မြေကို ဆက်​ပြီးမလုပ်​ဖို့ တပ်​မ​တော်​ ခမရ (၄၂၁)က မေလ ၃၀ ရက်မှာ မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးကတဆင့် တားမြစ်​စာ​ပေးပို့တဲ့အတွက်​ ​တောင်​​သူ​တွေ အခက်​အခဲဖြစ်​​နေကြ ပါတယ်​။

တောင်​ယာလုပ်​ကိုင်​ဖို့ တားမြစ်​ခံရတဲ့ ​ဒေသခံ​တောင်​သူ ဦး​မောင်​အိုက်​က "ကျ​နော်​တို့ လုပ်​စားစရာဒါပဲရှိတယ်။ သားသမီးပညာ​ရေးအတွက်​လည်း ဒါပဲရှိတယ်​။ ဒါပဲအားကိုးရတယ်​၊ သူတို့ မလုပ်ခိုင်းဘူး​ဆို​တော့ ကျ​နော်​တို့ စိတ်​မချမ်းသာဘူး"လို့ ဆိုပါတယ်​။

စိုက်​ပျိုးရာသီဖြစ်​​တာ​ကြောင့် ​တောင်​သူ​ ၄ ဦး လုပ်​ကိုင်​​နေတဲ့ ၁၀ ဧကလောက်ရှိတဲ့ ​ယာ​မြေ​ပေါ်မှာ စပါးနဲ့ ​ပြောင်းကို စိုက်​ပျိုးလုပ်​ကိုင်​​နေကြတာပါ။

အဆိုပါမြေနေရာမှာ တပ်မတော်က ​မြောင်းတူး ခြံစည်းရိုးကာရံနေပြီး ​တောင်​သူ​ တွေ ဆက်​လက်​ စိုက်​ပျိုးလုပ်​ကိုင်​ပါက အ​ရေးယူ​ဆောင်​ရွက်​သွားမယ်​လို့ ဆိုပါတယ်​။

ဖယ်​​ခုံ​တောင်​သူ​လယ်​သမားကွန်​ရက်​ကတော့ စည်းရိုးကာရံ​နေတာ ရပ်​တန့်​​ပေးဖို့နဲ့ ​တောင်​သူ​တွေ ဆက်​ပြီးလုပ်​ကိုင်​ခွင့်​ရဖို့ သက်​ဆိုင်​ရာဌာန​တွေကို စာ​ပေးပို့သွားမှာဖြစ်​ပြီး ​ကြေညာချက်​ထုတ်​ပြန်​တာ​တွေလည်း လုပ်​သွားမယ်​လို့ ဆိုပါတယ်​။

ဖယ်​ခုံ​တောင်​သူလယ်​သမားကွန်​ရက်​ဥက္ကဋ္ဌ ခွန်းအန်း​ဂျေလိုက "ရှင်းရှင်း​ပြောရမယ်​ဆို​ရင်​ မတရားဘူး​ပေါ့။ ဌာ​နေတိုင်းရင်းသားလည်းဖြစ်​​သေးတယ်​။ ​နောက်​ပြီး ဒီ​ဒေသရဲ့ အရင်းခံ လူလည်းဖြစ်​​သေးတယ်​။ အဲဒါကို သူတို့က အဲ့လိုမျိုးလုပ်​​တော့ ကျ​နော်​တို့ ​တောင်​သူ​တွေက နည်းနည်းခံပြင်းတယ်​​ပေါ့​နော်​။"လို့ပြောပါတယ်​။ 

တောင်​သူ​တွေဟာ အခုယာ​မြေ​တွေ​ပေါ်မှာ ၁၉၈၀ ပြည့်နှစ်​မှာ စပြီးလုပ်​ကိုင်​ခဲ့တာ ဖြစ်​ပြီး​တော့ တပ်​မ​တော်​က ၁၉၉၁- ၉၂ ဝန်းကျင်​မှာ လာ​ရောက်​အ​ခြေစိုက်​ပြီး သိမ်းယူခဲ့တာလို့ ​တောင်​သူ​တွေက ​ပြောပါတယ်​။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ်​မှာ ဖယ်​ခုံ​တောင်​သူ​တွေက လယ်​ယာ​မြေနှင့် အခြား​မြေများ သိမ်းဆည်းခံရမှုများပြန်​လည်​စိစစ်​​ရေးဗဟို​ကော်​မတီကို သိမ်းဆည်း​ထားတဲ့ ​မြေ​ဧရိယာကို ပြန်​လည်​စိစစ်​ဖို့နဲ့ အိမ်​ခြံ​မြေနဲ့ ​ယာ​မြေ​တွေကို ခြံစည်းရိုးကာရံခြင်းမှ ရပ်​ဆိုင်း​ပေးဖို့ စာတင်​ခဲ့​ ပေမယ့် ​ဖြေရှင်း​ပေးခဲ့တာ​တွေ မရှိပါဘူး။

ဖယ်​ခုံမြို့ဝန်းကျင်​မှာ တပ်​​မ​တော်​ ခမရ (၄၂၁)၊ ခမရ (၃၃၆)၊ စကက (၇) က ​မြေဧက ၄၀၀၀ ​​လောက်​ သိမ်းဆည်းပြီး ​ဒေသခံ​တွေရဲ့ ယာ​မြေ၊ သင်္ချိုင်း​မြေ​တွေနဲ့ ​ဒေသခံ​တွေ အသုံးပြု​နေတဲ့ သဲ​သောင်​တွေလည်း ပါဝင်​ပါတယ်​။

သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013