DVB Logo
Home
မြန်မာသတင်း
တောင်စုမူလတန်းကလေးများအတွက် စာသင်ကျောင်းဆောင် အခက်အခဲဖြစ်နေ
DVB
·
June 5, 2018
တောင်စုမူလတန်းကလေးများအတွက် စာသင်ကျောင်းဆောင် အခက်အခဲဖြစ်နေ
1 / 5
Donate to DVB

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်အုပ်စု တောင်စုကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းဟာ ထရံကာဝါးကြမ်းခင်းမြေစိုက် အဆောက်အဦတခုသာ ရှိတဲ့တွက် ကလေးငယ်တွေ ပညာသင်ကြားရာမှာ အခက်အခဲဖြစ်နေပါ တယ်။

ရွာအနီးပတ်ဝန်းကျင် နှစ်မိုင်ကျော်မှာ မူလွန်စာသင်ကျောင်းရှိပေမယ့် ချောင်းနဲ့ အင်းတွေကို မိုးရာသီမှာဖြတ်သန်းသွားရတာဖြစ်လို့  ကလေးငယ်တွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် ၂၀၁၆ခုနှစ်မှာ ဆရာမ နှစ်ဦး ငှားရမ်းပြီး ကျေးရွာကိုယ်ထူ ကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ်ခဲ့တာပါ။

တောင်စု မူလတန်းကျောင်း(ခွဲ)ကို တွဲဖက် တာဝန်ယူထားတဲ့ ဆရာမဒေါ်စန္ဒာထွေး မူလွန် တမာခေါ ကျောင်းအုပ်ဆရာမကြီးက “မိုးတွင်းမှာ ဒီဘက်ကျောင်းကို လာရတဲ့အခါ ပေ ၆၀ ကျော် သစ်တားတံတားကြီးက ခိုင်ခံ့မှု မရှိတော့ဘူး။ ကလေးတွေအတွက် အသက်အန္တရယ် စိုးရိမ်ရပါတယ်။ ဒါကြောင့် တောင်စုကျေးရွာလေးကို ကျောင်းခွဲချပေးလိုက်တာပါ။ အစိုးရ ဆရာ၊ ဆရာမ ၂ ဦးကိုလည်း ဒီလထဲ ဌာနက ပေးပို့မယ်လို့ ပြောပါတယ်။ ကျေးရွာသူ ရွာသားများက ငွေကြေး အဆင်မပြေ ကြသူတွေကတော့ ကျောင်းဆောက်လုပ်ဖို့ အုတ် ၇ ထောင် ဘိလပ်မြေ ၁၀ အိတ် စတာတွေ စုဆောင်းထားကြပါတယ်။”လို့ပြောပါတယ်။

အခုနှစ်မှာ မူလတန်းကျောင်းခွဲအဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ကလေးဦးရေနဲ့ စာသင်ကျောင်းမမျှတတဲ့အပြင် မူလတန်း ပညာသင်စနစ်တွေ ပြောင်းလဲတာတွေကြောင့် ဝါးကျောင်းဆောင်နဲ့ အဆင်မပြေတော့ဘူးလို့ ကျောင်းကော်မတီ ဦးမြင့်သိန်းက ပြောပါတယ်။

ကျောက်ကြီးမြို့နယ်ဟာ အရင်က နယ်မြေငြိမ်းချမ်းမှု စိုးရိမ်စရာအခြေအနေ ရှိခဲ့ပေမယ့် တပ်မတော်နဲ့ ကေအန်ယူ၊ အန်စီအေ လက်မှတ်ထိုးပြီးနောက်ပိုင်းမှာတော့ အစိုးရက ဒေသဖွံ့ဖြိုးရေး ပညာရေး ကျန်းမာရေးများ ဦးစားပေး လုပ်ကိုင်လာပါတယ်။

တောင်စုမူလတန်းကျောင်းခွဲမှာ KGတန်းကနေ စတုတ္ထတန်းအထိ ကျောင်းသား သူဦးရေ ၅၁ ယောက်အထိရှိပါတယ်။ ရွာအိမ်ခြေစုစုပေါင်း ၄၀ ရှိပြီး တောင်သူအနည်းစုနဲ့ လက်လုပ်လက်စား ငွေကြေး အဆင်မပြေသူ အများစု ဖြစ်ပါတယ်။

သတင်း - ဗိုလ်သူရိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013