DVB Logo
Home
မြန်မာသတင်း
စစ်ကျန်ကျည်ဆန်ကိုထုရိုက်ရာက ပေါက်ကွဲ၍ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
DVB
·
June 5, 2018
စစ်ကျန်ကျည်ဆန်ကိုထုရိုက်ရာက ပေါက်ကွဲ၍ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဆင်ရွာကျေးရွာမှာ ဒုတိယကမ္ဘာစစ်လက်ကျန် ကျည်ဆန်ကို ထုရိုက်ရာက ကျည်ဆန်ပေါက်ကွဲပြီး အမျိုသားတဦး သေဆုံးကာ ၄ နှစ်အရွယ် မိန်းကလေးတဦး ဒဏ်ရာရသွားတယ်လို့ ဟံဇားရွာရဲစခန်းက ပြောပါတယ်။

သာစည်မြို့နယ် ဆင်ရွာကျေးရွာမှာ မနေ့ ညနေက အသက် ၃၁ အရွယ် ကိုသိန်းဇော်ဟာ  စစ်ကျန် ကျည်ဆန်အရှည် ၂လက်မခွဲ ကျည်ဆန်ထိပ်ဖူး ၁ လက်မနီးပါးနဲ့ လုံးပတ်က ကျပ်လုံးလောက်ရှိတဲ့ ကျည်ဆန်ကို မူလီချောင်းနဲ့ ထုရိုက်ရာက ပေါက်ကွဲသွားခဲ့တာပါ။

ဟံဇားရွာရဲစခန်း စခန်းမှူးရဲအုပ် ထွန်းထွန်းဦးက "ကိုသိန်းဇော် လည်ပင်းမှာ ကျည်ပေါက် ထွက် ဒဏ်ရာရပြီး သေဆုံးသွားတယ်။ ၄ နှစ်သမီးလေးက ညာဖက်ခြေသလုံး ကျည်ပေါက် ထွက် ဒဏ်ရာရတယ်။ ဟံဇားဆေးရုံ ပို့ပေးရတယ်"လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သာစည်မြို့နယ် ဟံဇားရွာရဲစခန်းမှာ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စုံစမ်း စစ်ဆေးဖို့ သေမှုသေခင်း ၂/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013