DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်တွင် မြေအောက်ဓာတ်ငွေ့ပန်းထွက်မှုအန္တရာယ်ရှိ၊ မရှိ မသိရသေး
DVB
·
June 5, 2018
မိုးညှင်းမြို့နယ်တွင် မြေအောက်ဓာတ်ငွေ့ပန်းထွက်မှုအန္တရာယ်ရှိ၊ မရှိ မသိရသေး
Donate to DVB

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ မြေအောက်က အမျိုးအမည်မသိ ဓာတ်ငွေ့တွေ ပန်းထွက်မှုဖြစ်ပွားခဲ့တာကြောင့် ဒေသခံရွာသားတချို့ စိုးရိမ်ကြောက်လန့်ပြီး လွတ်ရာကို ပြောင်းရွှေ့ သွားခဲ့ကြပါတယ်။

မိုးညှင်းမြို့နယ်၊ ဟိုပင်မြကျွန်းသာရပ်ကွက်မှာ ဇွန် ၂ ရက် မနက် ၃ နာရီခွဲလောက်က စက်ရေတွင်းတူးရာက ဓာတ်ငွေ့နဲ့ ကျောက်ခဲ၊ သဲမြေမှုန့်တွေ ရောနှောပါလာပြီး အသံမြည် ပန်းထွက်တာဟာ အိမ်မိုးပေါ်ထိ ကျရောက်တာကြောင့် အနီးအနားပတ်ဝန်းကျင်က မိသားစုတွေ စိုးရိမ်ကြောက်လန့်ပြီး လွတ်ရာကို ပြောင်းရွှေ့သွားခဲ့ကြတာပါ။

ပန်းထွက်နေတဲ့ ဓာတ်ငွေ့ဟာ ဇွန် ၃ ရက် ည ၉ နာရီခွဲလောက်မှာ အလိုအလျောက် ရပ်တန့်သွားတဲ့အတွက် တူးဖော်ရေးကိရိယာတွေ ဖယ်ရှားပြီး သဲ၊ ဘိလပ်မြေကျောက်ပြားနဲ့ ပိတ်ဆို့ထားခဲ့ပေမယ့် ကျောက်ပြားကြားက မှုတ်ထုတ်နေတဲ့ ဓာတ်ငွေ့ လေပေါက် အသေးတွေကို  တွေ့မြင်ရပါတယ်။

ဓာတ်ငွေ့ထွက်နေတဲ့ နေရာကို ဇွန် ၄ ရက် ညနေမှာ နေပြည်တော် ဘူမိဗေဒအရာရှိ ဦးအောင်ခိုင်မိုးဦးနဲ့ အဖွဲ့တို့ကလာရောက်လေ့လာကြည့်ရှုပြီး စမ်းသပ်ရန် နမူနာ ပစ္စည်းတွေ ယူဆောင်သွားခဲ့ပါတယ်။

ဘူမိဗေဒအရာရှိက “ဘယ်လိုဓာတ်ငွေ့လဲဆိုတာ စမ်းသပ်မှုတွေ မလုပ်ရသေးခင်မှာ သေချာပြောလို့ မရသေးဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘေးလွတ်ရာ ပြောင်းရွှေ့သွားကြတဲ့ ဒေသခံတွေကတော့ ဒီဓာတ်ငွေ့ပြန့်နေတဲ့အပေါ် အန္တရာယ်ရှိ၊ မရှိ သေချာသိမှ အိမ်ပြန်လာရဲမှာ ဖြစ်တယ်လို့ ပြောကြပါတယ်။

ဓာတ်ငွေ့ထွက်တဲ့ အနီးအနားက သောက်ရေတွင်းတချို့မှာ ထုံးနံ့၊ ကန့်နံ့တွေ ရနေတယ်လို့ သိရပါတယ်။ ဟိုပင်မြို့နဲ့ ၈ မိုင်ခန့်အကွာမှာလည်း ရေပူစမ်းချောင်းကြီး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013