DVB Logo
Home
မြန်မာသတင်း
ယခုနှစ် ရန်ကုန်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၇၀ ကျော်ရှိပြီး ၅ ဦး သေဆုံး
DVB
·
June 5, 2018
ယခုနှစ် ရန်ကုန်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆၇၀ ကျော်ရှိပြီး ၅ ဦး သေဆုံး
1 / 4
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေဟာ အခု ၂၀၁၈ ခုနှစ်မှာ ၆၇၁ ဦးအထိ ရှိလာနေပြီး သေဆုံးသူကတော့ ၅ ဦးအထိ ရှိနေပြီလို့ သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်း ၆၀ ရာခိုင်နှုန်းလောက်ဟာ ပုဂ္ဂလိက ဆေးခန်းတွေကနေ လွှဲပြောင်းပေးတဲ့အခါမှာ နောက်ကျတာကြောင့်လို့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ဒီအရေအတွက်ဟာ ဖြစ်ပွားမှုနှုန်း များပြားတဲ့ အနေအထားမှာ ရှိတဲ့အတွက် ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်းကျဆင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၅ ရက်က ရန်ကုန်မှာ  ပြုလုပ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၇၅၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ  ၆၀ ဦးအထိ ရှိခဲ့ပါတယ်။

၁၉၇၀ က ရန်ကုန်တိုင်းဒေသကြီးမှာ ကပ်အသွင် ဖြစ်ပွားခဲ့ပြီး တခြားတိုင်းနဲ့ ဒေသကြီးတွေကိုပါ ကူးစက်သွားခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြောပါတယ်။ သွေးလွန်တုပ်ကွေးဟာ အရင်က ကလေးတွေမှာ အဓိကဖြစ်ပွားခဲ့ပေမယ့် အခုအခါ လူကြီးတွေမှာပါ ဖြစ်ပွားလာတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013