DVB Logo
Home
မြန်မာသတင်း
ဝါးပန်းများပွင့်ချိန် မြောင်းမြနှင့် လပွတ္တာအနီး ကြွက်အန္တရာယ် သတိပေး
DVB
·
June 5, 2018
ဝါးပန်းများပွင့်ချိန် မြောင်းမြနှင့် လပွတ္တာအနီး ကြွက်အန္တရာယ် သတိပေး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ လပွတ္တာမြို့အနီးတဝိုက်မှာ ဝါးပန်းတွေ ပွင့်နေတာကြောင့် ကြွက်တွေ ကျရောက်နိုင်တဲ့အတွက် တောင်ယာတွေကို ကြိုတင်ကာကွယ်ကြဖို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးက သတိပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းဒေသအနီးတစ်ဝိုက်မှာ ကြွက်တွေ အစုလိုက်အပြုံလိုက် ကျတာတွေရှိခဲ့ပြီး ဒီနှစ်မှာတော့ ထိန်းချုပ်နိုင်သွားပြီလို့ စိုက်ပျိုးရေးဌာန သီးနှံကာကွယ်ရေး တာဝန်ခံ ဦးဝင်းစိုးက ပြောပါတယ်။

စိုက်ပျိုးရေးဝန်ထမ်းတွေအနေနဲ့ အခုလို ကြွက်တွေ ကျရောက်နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်လို့  ကြိုတင်ကာကွယ်ဖို့ ဒေသခံတောင်သူတွေကို အသိပညာပေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ မိုးစပါးရာသီမှာလည်း ပုသိမ်ခရိုင်နဲ့ ဟင်္သာတခရိုင်တွေအတွင်း စပါးစိုက်ဧက ၄၀ ကျော်မှာ ကြွက်ဖားလောင်းနဲ့ ကြွက်ဝမ်းဖြူတွေ ကျရောက်ခဲ့တာကြောင့် ကာကွယ်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ဝါးပန်းတွေပွင့်တဲ့အချိန်မှာ ကြွက်တွေ အစုလိုက်အပြုံလိုက် ကျရောက်ကာ စိုက်ခင်းတွေ ကောက်ပဲသီးနှံတွေကို ဝင်ရောက်စားသောက် ဖျက်ဆီးလေ့ရှိတာဖြစ်ပြီး ချင်းပြည်နယ်မှာ ၁၉၅၀ ပြည့်လွန်နှစ်တွေက ကြွက်အန္တရာယ်ကြောင့် စားနပ်ရိက္ခာပြတ်ပြီး လူတွေ အငတ်ဘေးနဲ့ ကြုံခဲ့ရဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013