DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအစိုးရဝန်ကြီးများ ဖို့ဒ်ကားသစ်ဝယ်စီးရန် တောင်းဆိုချက် လွှတ်တော်ပယ်ချ
DVB
·
June 5, 2018
ရန်ကုန်တိုင်းအစိုးရဝန်ကြီးများ ဖို့ဒ်ကားသစ်ဝယ်စီးရန် တောင်းဆိုချက် လွှတ်တော်ပယ်ချ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ စီးနေတဲ့ ကားတွေဟာ ခေတ်မမီတော့တာကြောင့် ဖို့ဒ်ကားအသစ်တွေ ဝယ်ယူစီးနင်းခွင့်ပြုပေးဖို့ တောင်းဆိုချက်ကို ရန်ကုန်တိုင်းလွှတ်တော်က ခွင့်မပြုဘဲ ပယ်ချလိုက်ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးတွေ စီးနင်းနေတဲ့ ကားတွေဟာ နှစ်ကာလကြာမြင့်နေသလို ကားအင်ဂျင်တွေကလည်း နှစ်ကာလကြာမြင့်နေပြီဖြစ်လို့ ကားအသစ် ဝယ်ယူစီးနင်းခွင့်ပြုဖို့အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်မှာ တောင်းခံခဲ့တာပါ။

ဝန်ကြီးအနေနဲ့ ဖို့ဒ်ကားသစ် ၁၀ စီးဝယ်ယူဖို့ ငွေကျပ် သိန်း ၁၀၀၀၀ တောင်းဆိုတဲ့အပေါ် ရန်ကုန်တိုင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌက အပြင်းအထန် ကန့်ကွက်ခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အခြေအနေအပေါ်မူတည်ပြီး မနေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ အသနားခံ တောင်းဆိုခဲ့တာပါ။

ဘတ်ဂျက်တောင်းထားတဲ့ စီမံကိန်းတွေထဲမှာ တခြားစီမံကိန်းတွေကို လွှတ်တော်အနေနဲ့ ခွင့်ပြုနိုင်ပေမယ့် အစိုးရအဖွဲ့ ဝယ်ယူစီးနင်းဖို့ တောင်းဆိုတဲ့ ကားကိစ္စနဲ့ နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ဖို့ သန်းပေါင်း ၆၈၀၀ တောင်းထားတဲ့ ကိစ္စကိုတော့ အဆိုပြုလျာထားစာရင်းကနေ ပယ်ဖျက်ပေးဖို့ ရန်ကုန်တိုင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက တောင်းဆိုခဲ့ပါတယ်။

ကားသစ်တွေဝယ်ဖို့ ဝန်ကြီးရဲ့ တောင်းဆိုချက်ကို လွှတ်တော်က ခွင့်မပြုခဲ့တာကြောင့် ဝန်ကြီးချုပ်ထံ ထပ်မံတင်ပြဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဆုံးဖြတ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၈-၁၉ ဘတ်ဂျက်ရဲ့ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက်ကို ဇွန် ၄ ရက်က ရန်ကုန်တိုင်းလွှတ်တော်မှာ စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013