DVB Logo
Home
မြန်မာသတင်း
စသုံးလုံးက ခေါ်စစ်သည့်သတင်း မဟုတ်မှန်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ရှင်းလင်း (ရုပ်သံ)
DVB
·
June 4, 2018
စသုံးလုံးက ခေါ်စစ်သည့်သတင်း မဟုတ်မှန်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ရှင်းလင်း (ရုပ်သံ)
Donate to DVB

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်း မဟုတ်မှန်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ နေပြည်တော် စစစ အဖွဲ့က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့သတင်း လူမှုကွန်ကွန်ပေါ် ပျံ့နှံ့ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ အခုလိုပြောကြားလိုက်တာပါ။

“ကျမကို စ သုံးလုံးက ဖမ်းသွားပြီ၊ အဂတိလိုက်စားမှုကော်မရှင်က ဖမ်းသွားပြီဆိုတဲ့ သတင်းထုတ်ပြန်ပါတယ်။ သတင်းထုတ်ပြန်တဲ့လူက ဘယ်သူဖြစ်မလဲတော့ မသိပါဘူး။ ဒါပေမယ့် ကျမကတော့ ပြန်ပြီးရှင်းလိုက်ပါတယ်။ ကောလာဟလသတင်းကို နားထောင်တဲ့ လူရော၊ လိုက်ပါ ဆောင်ရွက်တဲ့လူရော ကောလာဟလပြောတဲ့လူရဲ့ ခြေဖဝါးအောက်က လူတွေပဲလို့ ကျမက ပြန်ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အထူးသဖြင့် ဝန်ကြီးချုပ်တွေ။ အခု ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ဝန်ကြီးချုပ်တွေ လှုပ်ရှားနေတာ အားလုံးသိပါတယ်။ ဘယ်သူတွေ ဘယ်လို လုပ်နေတယ်၊ ဘယ်တိုင်းက ဝန်ကြီးချုပ်က ဘယ်လို ကြိုးစားနေတယ်၊ အားလုံး သိတယ်။ မသိတဲ့လူ ဘယ်သူမှ မရှိဘူး။ ဒီဖေ့စ်ဘွတ်ခ်လောကမှာ အားရင် ဒီဖုန်းပဲ ပွတ်နေတာ။ မသိဘဲ နေပါ့မလား။ သိသိကြီးနဲ့ ကောလာဟလပြောတဲ့လူရဲ့ စကားကို ယုံတဲ့လူဟာ ကောလာဟလပြောတဲ့သူရဲ့ ဘက်တော်သားလို့ ကျမက ပြောခြင်းဖြစ်ပါတယ်။ ခြေဖဝါးအောက်ကလူပဲ ဖြစ်ပါတယ်ဆိုတာ။”

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တနင်္သာရီတိုင်း မြိတ်မြို့ကို ဇွန်လ ၄ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာတာဖြစ်ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း စက်ချုပ်သင်တန်းနဲ့ သဟာယ ကြက်တောင်အသင်း အဆောက်အုံသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013