DVB Logo
Home
မြန်မာသတင်း
မအီမြို့တွင်​ သုံး​လောင်းပြိုင်​ လူသတ်​မှုဖြစ်
DVB
·
June 4, 2018
မအီမြို့တွင်​ သုံး​လောင်းပြိုင်​ လူသတ်​မှုဖြစ်
Donate to DVB

ရခိုင်​ပြည်​နယ်၊​ ​တောင်​ကုတ်​မြို့နယ်​၊ မအီမြို့မှာ ဇွန်​လ ၄ ရက်​ မနက်​ ​အရုဏ်​မတက်​မီ အချိန်​က သုံး​လောင်းပြိုင်​လူသတ်​မှု ဖြစ်​ပွားခဲ့ပါတယ်။

မအီမြို့ ၂ ရပ်​ကွက်​ ကမ်းနားလမ်းမှာ​နေထိုင်​တဲ့ ဦး​ရွှေ​အေး​မောင်​​နေအိမ်​ကို မနက်​ ၂ နာရီ​လောက်​မှာ ဖိုးမြိုင်​​(ခ) ခင်​​မောင်​လင်းဟာ ဓားရှည်​တ​ချောင်းကိုင်​​ဆောင်​ ​ရောက်​ရှိလာပြီး လွန်​ခဲ့တဲ့ ၂ လ​လောက်​က ကွဲ​နေတဲ့ဇနီး မဝင်းဝင်း​မော်​ကို ပြန်​လိုက်​လာဖို့ ​ခေါ်​ဆောင်​ရာမှာ ဆက်​မ​ပေါင်းနိုင်​တဲ့အတွက်​ မလိုက်​ဘူးလို့ ငြင်းဆန်​ခဲ့ကြောင်း၊ မ၀င်းဝင်းမော်ရဲ့ ဖခင် ​ဦး​ရွှေ​အေး​မောင်​နဲ့ မိခင်​​ဒေါ်မခင်​သန်းတို့ကလည်း အခုလို လုပ်​ဖို့ ​မသင့်ကြောင်း တားမြစ်​တာကို ဖိုးမြိုင်​က အသင့်ပါလာတဲ့ဓားနဲ့ ခုတ်​တဲ့အတွက်​ ၂ ​ယောက်​စလုံး အခင်းဖြစ်​နေရာမှာ ​သေဆုံးခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။

"သူက ​ယောက္ခမ​တွေကို ခုတ်​ပြီး မိန်းမကို ဆွဲ​ခေါ်သွားတယ်​။ ​နောက်​ အဲ့ဒီ​ကောင်​မ​လေး ကို ဂုတ်​ပီ​ချောင်းနားမှာ သတ်​ထားခဲ့တယ်​။ အခု တရားခံကိုမိဖို့ ပိုက်​စိတ်​တိုက်​ ရှာ​နေပါတယ်​။"

မဝင်းဝင်း​မော်​ရဲ့ အ​လောင်းကိုတော့ မအီမြို့ရဲ့ အ​နောက်​ဘက်​ ၁ မိုင်​ခန့်​ အကွာက ဂုတ်​ပီ​ချောင်းကမ်းနားမှာ ​တွေ့ရတယ်လို့ ဆိုပါတယ်။

သတ်​ဖြတ်​သူ ခင်​​မောင်​လင်း(ခ) ဖိုးမြိုင်​ကို ည​နေပိုင်းအထိ အဖွဲ့ခွဲ လိုက်​လံရှာ​ဖွေ​နေပြီး ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ နဲ့ အမှုဖွင့် အ​ရေးယူထားတယ်​လို့ မအီရဲစခန်းက သိရပါတယ်​။

ဓာတ်​ပုံ - ကို​မောင်​လုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013