DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 4, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ အဟောင်းက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၅၀,၃၅၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၉၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက အဟောင်း တအိတ်ကို ငွေကျပ် ၄၉,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၄၆,၅၀၀ ကျပ်ကနေ ငွေကျပ် ၄၇,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၆၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၆၃,၆၀၀ ပေါက်ဈေးရှိပီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုအသစ်က  ၄၅ ပိဿာဝင် တအိတ်ကို ၁၁၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၆,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၀၃,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၄,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၁၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ကုန်စည်ဒိုင်မှာ စားအုန်းဆီက တပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၄၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၆၀ ကျပ်ကနေ ၁,၇၇၀ ကျပ် ပေါက်ဈေးရှိပြီး တပိဿာကို ၁၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

မြေပဲဆံနီ
မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲဆံနီက တပိဿာကို ၂,၂၅၀ ကျပ်ကနေ ၂,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး အောင်လံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂,၂၀၀ ကျပ် ရှိပါတယ်။ မုံရွာနဲ့ အောင်လံ ကုန်စည်ဒိုင် တပိဿာကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013