DVB Logo
Home
မြန်မာသတင်း
မိုဘိုင်းစနစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ နယ်လှည့်ထုတ်ပေးမည်
DVB
·
June 4, 2018
မိုဘိုင်းစနစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ နယ်လှည့်ထုတ်ပေးမည်
Donate to DVB

 

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကနေ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုမှာရှိတဲ့ မြို့နယ်တွေ ဆီကို သွားရောက်ပြီး မိုဘိုင်းစနစ်နဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်မြင်သူ၊ ကျရှုံးသူတွေရဲ့ အမှတ်စာရင်းတွေကို ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရန်ကုန်)မှ တာဝန်ရှိ သူက ပြောပါတယ်။

မိုဘိုင်းစနစ်နဲ့ အမှတ်စာရင်းတွေ ထုတ်ပေးနိုင်ဖို့ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အရာရှိတစ်ဦးက ဦးဆောင်ပြီး ကွန်ပျူတာကျွမ်းကျင်တဲ့ ရုံးအဖွဲ့တွေနဲ့အတူ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွေနဲ့ ချိတ်ဆက်ကာ တိုင်းနဲ့ပြည်နယ်အသီးသီးကို သွားရောက်မှာ ဖြစ်ပါတယ်။

အခုလို သွားရောက်ရာမှာ ဖြေဆိုသူ ကျောင်းသားဦးရေများတဲ့ မြို့နယ်တွေကို အဓိက သွားရောက်မှာဖြစ်ပြီး မိုဘိုင်းသွားရာလမ်းတလျှောက်မှာရှိတဲ့ မြို့နယ်တွေကိုပါ ဝင်ရောက်ပြီး အမှတ်စာရင်းတွေ ထုတ်ပေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကိုတော့ အခုတပတ်အတွင်း သွားရောက်ထုတ်ပေးဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးကို သွားရောက်ပြီး အမှတ်စာရင်းတွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ စာစစ်ဌာနရုံးမှာတော့  အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်မြင်သူတွေနဲ့ ကျရှုံးသူတွေရဲ့ အမှတ်စာရင်းတွေကို ဒီကနေ့ မနက်ပိုင်းကစပြီး   ထုတ်ပေးနေပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေနဲ့ အခုလို မိုဘိုင်းစနစ်နဲ့ အမှတ်စာရင်း ထုတ်ပေးတာ တွေကို လုပ်ဆောင်လာတာဟာ ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့ သွားရောက်ထုတ်ပေးမှု ကိုတော့ မနှစ်ကမှ စတင်ကာ လုပ်ဆောင်နိုင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013