DVB Logo
Home
မြန်မာသတင်း
ပြည်တွင် သွေးလွန်တုပ်ကွေး အဖြစ်များနေ၊ အထူးဂရုစိုက်ကြရန် ကျန်းမာရေးဌာနပြော
DVB
·
June 4, 2018
ပြည်တွင် သွေးလွန်တုပ်ကွေး အဖြစ်များနေ၊ အထူးဂရုစိုက်ကြရန် ကျန်းမာရေးဌာနပြော
Donate to DVB

ပဲခူးတိုင်း ပြည်မြို့နယ်မှာ သွေးလွန်တုပ်ကွေး အများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အခြေအနေနီးပါး ပြန်လည်ဖြစ်ပွားလာတာကြောင့် ပြည်သူတွေ အထူးဂရုစိုက်ကြဖို့  ပြည်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇေဖြိုးသန့်က ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ်အတွင်းမှာ ခုရက်ပိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားနေသူ ၈၀ တွေ့ရှိနေရပြီး ၂ ယောက် သေဆုံးသွားခဲ့ပြီဖြစ်တာကြောင့် အဖြစ် အများဆုံး ၂၀၁၅ ခုနှစ်က စံချိန်ကိုချိုးတော့မယ့် အလားအလာတွေ တွေ့ရှိနေတာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက ကလေးတွေသာမက လူကြီးတွေအထိပါ ဖြစ်ပွားတတ်ပြီး ပြီးခဲ့တဲ့နှစ်က အဲဒီရောဂါနဲ့ လူကြီး ၂ ယောက် သေဆုံးသွားခဲ့ပါတယ်။

ရပ်ကွက်တွေ၊ ကျေးရွာတွေထဲမှာ မြောင်းတွေ ရေစီးရေလာ မကောင်းတာကြောင့် အခုလို ရောဂါ တွေဖြစ်ပွားနေတာလို့ ပြည်မြို့ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွှန့်လှိုင်က ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက ၁၉၆၄ ခုနှစ်က မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၄၂၉၁၃ ယောက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၀၀ ကျော်ရှိပါတယ်။

အခုနှစ်ဖြစ်ပွားလာပုံ အနေအထားဂရပ်ဖ်က ၂၀၁၅ ခုနှစ်အခြေအနေ ဂရပ်ဖ်နဲ့ ပုံစံတူလာပြီး လတ်တလောဖြစ်ပွားလာမှုကလည်း တိုးပွားလာနေတာကြောင့် အထူးဂရုစိုက်ဖို့ လိုအပ်နေပြီလို့ တာဝန်ရှိသူတွေက ဇွန်လ ၄ ရက်နေ့က ပြည်ခရိုင်ကျန်းမာရေးဦးစီးဌာနရုံးမှာ သတင်းဌာနတွေ ပြည်မြို့နယ်က တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံပြီး ရှင်းလင်းပြောပြခဲ့ပါတယ်။    

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013