DVB Logo
Home
မြန်မာသတင်း
မြို့ပေါင်း ၁၀၀ တွင် ၀န်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာများ တည်ဆောက်မည်
DVB
·
June 4, 2018
မြို့ပေါင်း ၁၀၀ တွင်  ၀န်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာများ တည်ဆောက်မည်
Donate to DVB

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတ၀န်း မြို့ပေါင်း ၁၀၀ မှာ ၀န်ထမ်းအိမ်ရာတွေနဲ့ အငှားအိမ်ရာတွေကို တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။

အိမ်ရာတွေကို တောင်ကြီး၊ လားရှိုး၊ ထားဝယ်မြို့တွေလို မြို့ကြီးတွေအပါအ၀င် တခြားမြို့ကြီးတွေမှာ တည်ဆောက်သွားမှာဖြစ်တယ်လို့  ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဇွန် ၄ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားအဆင့် မြို့ပြဆိုင်ရာမူဝါဒမူဘောင် အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အဓိကနိုင်ငံတွေထဲက မြို့ပြအသွင်ကူးပြောင်းမှု နှုန်း အနှေးဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ပြဧရိယာအတွင်းမှာ နေထိုင်တဲ့ လူဦးရေဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၅ ဒသမ ၂ သန်းရှိခဲ့ပြီးတော့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာဆိုရင် ၂၀ ဒသမ ၄ သန်းအထိ မြင့်တက်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာလည်း နည်းစနစ်မကျတဲ့ မြို့ပြအသွင်သဏ္ဍာန်ကို မြင်တွေ့နေရတာလို့ ဆွေးနွေးပွဲမှာ ပညာရှင်တွေက ပြောဆိုပါတယ်။

ဒါကြောင့် အခြေခံ အဆောက်အအုံစနစ် အကျပ်အတည်းတွေ၊ လမ်းကွန်ရက်တွေမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ သောက်သုံးရေနဲ့ စွမ်းအင်ရှားပါးမှုတွေ၊ ညစ်ညမ်းမှုတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဆိုးကျိုးတွေနဲ့ကြုံတွေ့နေရတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013