DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဇွန်လကုန်ကျင်းပရန် အဆိုပြု
DVB
·
June 4, 2018
၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဇွန်လကုန်ကျင်းပရန် အဆိုပြု
Donate to DVB

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ဇွန် ၃၀ ရက် ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားတယ်လို့ ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီဝင် ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုး ထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ခုက ကိုယ်စားလှယ်တွေ မေလကုန်ပိုင်းက ရန်ကုန်မှာ အလွတ်သဘောဆွေးနွေးတုန်းက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

“ပထမတရက်မှာ ဇွန် ၃၀ နှစ်ဘက်စလုံးက သဘောတူတယ်။ အဆိုပြုတယ်ပေါ့နော်၊ ဒါပေမယ့် နောက်တရက်ကျ သူတို့ဘက်က အချိန်ဇယားအရ ခက်ခဲတယ်ဆိုတယ်၊ ကျနော်တို့ဘက်ကလည်း ကျနော်တို့ဘက်က အချိန်ဇယား ပြန်ပေးလိုက်တယ်။ အဲ့ဒါကို သူတို့ ယူသွားတယ်။ ယူသွားပြီး ပြန်ဆွေးနွေးပြီး ကျနော်တို့ကို ပြန်ပြောမယ်၊အဲ့ဒါပါပဲ။”

အပစ်ရပ်တပ်ဖွဲ့တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ အစိုးရ၊ တပ်မတော်နဲ့  မေ၃၀နဲ့ ၃၁ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးကဏ္ဍ အလွတ်သဘာ ဆွေးနွေးပွဲနဲ့ လုံခြုံရေးကဏ္ဍအလွတ်သဘော ဆွေးနွေးပွဲတွေကရရှိတဲ့ ဆွေးနွေးချက်တွေကို လာမယ့် NCA-S EAO ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေး (PPST meeting) မှာ ဆက်လက်တင်ပြသွားဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ NCA-S EAO ရဲ့ နိုင်ငံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးရေးအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ခွဲမထွက်ရ နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စရပ်မှာ တစ်ဆို့နေတယ်လို့ ပြောပါတယ်။

“ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို မပျက်စီးစေချင်ဘူး။ အောင်မြင်အောင် မရမက ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီအတွက် လူထုတစ်ရပ်လုံးအနေနဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပေါ်မှာ ဘာမှ သံသယမရှိစေချင်ဘူး။ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ဒါပေမယ့် ညီလာခံတွေကျင်းပပြီးတော့မှ ရလဒ်အဖြစ် ဘာမှမရှိသေးပဲနဲ့ ကျင်းပတဲ့ညီလာခံ တွေတော့ မဖြစ်စေချင်ဘူး။ ညီလာခံကျင်းပရင်တော့ ပြည်သူလူထုတရပ်လုံး အတွက်သော်လည်းကောင်း၊ ပြည်ထောင်စုကြီးအတွက်လည်းကောင်း၊ အကျိုးရှိတဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရလဒ်မျိုး ရရှိအောင် ကျနော်တို့ ကြိုးစားနေပါတယ်။ ဒီ package deal လို့ခေါ်တဲ့ ခွဲမထွက်ရဆိုတဲ့ အစုလိုက်တင်ပြချက်က တစ်ဘက်၊ ကျနော်တို့ တိုင်းရင်းသားတွေ နှစ်ပေါင်း (၇၀) ကြာ လက်နက်ကိုင်တော်လှန်ရေးတွေ လုပ်ပြီးတောင်းဆိုနေတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်းပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကတစ်ဘက် ဒီနှစ်ခုကို ညီမျှချက်လာလုပ်နေတာ ကျနော်တို့တွေ အခက်အခဲ ဖြစ်နေပါတယ်။ ဒါကိုကျော်လွှားဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ခုနှစ် မေလအတွင်းက ကျင်းပခဲ့ပြီး တနှစ်ကျော်လာချိန်အထိ တတိယအစည်းအဝေး မကျင်းပနိုင်ဘဲ ကြံ့ကြာနေတာ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013