DVB Logo
Home
မြန်မာသတင်း
မတ်ကျန်းဌာနေပြည်သူ့စစ်နှင့် အငြင်းပွားနေသည့် မြေယာ ၁၂၅ ဧက ပြန်ရ
DVB
·
June 4, 2018
မတ်ကျန်းဌာနေပြည်သူ့စစ်နှင့် အငြင်းပွားနေသည့် မြေယာ ၁၂၅ ဧက ပြန်ရ
Donate to DVB

 

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်ထဲမှာ မတ်ကျန်းဌာနေပြည်သူ့စစ်နဲ့ မြေယာအငြင်းပွားမှုကိစ္စမှာ ရွာသားတွေဘက်က မြေယာ ၁၂၅ ဧက ပြန်လည်ရရှိခဲ့ပါတယ်။

နမ့်စန်မြို့ မြောက်ဘက် ၇ မိုင်အကွာရှိ အမှတ် ၉ နဲ့ အမှတ် ၁၀ ကျေးရွာထဲမှာ ရွာသား တွေ လုပ်ကိုင်စားသောက်ဖို့အတွက် မြန်မာ့တပ်မတော်က လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်က မြေကွက် တွေ ချပေးခဲ့ကြောင်း၊ လက်နက်ကိုင်အဖွဲ့တွေ ဌာနေပြည်သူ့စစ်အသွင်ပြောင်းခဲ့တဲ့အခါမှာ လည်း ဒေသဖွံ့ဖြိုးရေးအတွက် သူတို့ကိုပါ မြေကွက်တွေ ချထားပေးခဲ့ရာမှာ လက်နက်ကိုင်အဖွဲ့ ဘက်က ရွာသားတွေ လုပ်ကိုင်နေတဲ့ မြေပေါ်ထွန်ယက်လာလို့ အငြင်းပွားမှု ဖြစ်နေတာပါ။

ဇွန် ၃ ရက်နေ့ကတော့ ပြည်သူ့စစ်အဖွဲ့နဲ့ သွားရောက်တွေ့ဆုံညှိနှိုင်းပြီးနောက် ရွာသားဘက်က မြေကွက် ပေါင်း ၁၂၅ ဧက ပြန်ရခဲ့တာလို့  နမ့်စန်မြို့နယ် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးနေဇော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒါက လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ခံ အစိုးရမြေပါပဲ။ သီးနှံစိုက်ပျိုးဖို့ အတွက် စစ်တပ်က ရွာသားတွေ  စီမံပြီးနေရာချထားပေးတယ်။ ဒါပေမယ့် ရွာသားစိုက်တဲ့မြေနဲ့ ဌာနေပြည်သူ့စစ်မြေက တဆက်တည်းဖြစ်နေတော့ စိုက်ခင်းတွေက ကိုယ်လည်းကျူး၊ သူလည်း ကျူး အဲလိုပုံစံဖြစ်တော့ အငြင်းပွားတယ်။ ဒါပေမယ့် ပြည်သူ့စစ်ဘက်က လက်နက်ရှိတော့ ရွာသားတွေက မပြောရဲကြဘူး။ မနေ့က ကျနော်ကိုယ်တိုင်သွားပြီးတော့ နှစ်ဘက်တွေ့ဆုံညှိနှိုင်း ပေးတယ်။ ဒီလိုအငြင်းပွားမှုအပေါ်မှာ မဖြေရှင်းနိုင်ရင် ရလခတိုင်းမှူးဆီ  ရောက်သွားနိုင်တယ်။ ပြဿနာပိုကြီးလာရင် မကောင်းဘူးဆိုပြီး ပြောတော့ ပြေလည်သွားတယ်။ မြေကွက်ပေါင်း ၁၂၅ ဧက၊ ရွာသားတွေဘက်က ပြန်ရပြီး နောက်နောင် တဘက်နဲ့တဘက် ကျူးကျော်မှုမရှိအောင် အလယ်ကနေ လမ်းဖောက်လိုက်တယ်ခင်ဗျ။”

အဆိုပါနယ်မြေထဲမှာ ပြီးခဲ့တဲ့နှစ်ကလည်း မတ်ကျန်းဌာနေပြည်သူ့စစ်နဲ့ ရွာသားတို့ နယ်မြေ အငြင်းပွားခဲ့ပြီး အန်အယ်လ်ဒီရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ၂၀၁၇ ဒီဇင်ဘာ ၁၉ ရက်နေ့ က မြေဧကပေါင်း ၂၀၀ ပြန်ရခဲ့တယ်လို့ ဦးနေဇော်နိုင်က ပြောသွားပါတယ်။

လွိုင်​လင်​မြို့နယ်​ တောင်​​နောက်​​ကျေးရွာအုပ်​စု နမ့်ဟူးရွာဘက်က မတ်ကျန်းဌာနေ ပြည်သူ့စစ်နဲ့ ရွာသားတွေကြား မြေယာအငြင်းပွားမှုကိစ္စမှာတော့ ပြီးခဲ့တဲ့လ ၁၄ ရက်​​က ပြည်​သူ့ စစ်​က တောင်သူတွေကို​ သေနတ်​နဲ့ ပစ်​ခတ်​ခြိမ်းခြောက်မှုရှိခဲ့ပါတယ်။

မြေယာအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့ကို ဒီဗွီဘီမှ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။   

ဓာတ်ပုံ - -

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013