DVB Logo
Home
မြန်မာသတင်း
ကျောင်းဖွင့်ရာသီ မန္တလေး ဆိုင်ကယ်ဈေးကွက် အရောင်းသွက်
DVB
·
June 4, 2018
ကျောင်းဖွင့်ရာသီ မန္တလေး ဆိုင်ကယ်ဈေးကွက် အရောင်းသွက်
Donate to DVB

၂၀၁၈-၁၉ ပညာသင်နှစ် အခုနှစ် ကျောင်းဖွင့်ရာသီ မန္တလေး ဆိုင်ကယ်ဈေးကွက်မှာ အရောင်းအဝယ် သွက်နေတယ်လို့ မန္တလေး ဆိုင်ကယ်ဈေးကွက်က သိရပါတယ်။

လက်ရှိ မန္တလေး ဆိုင်ကယ်ဈေးကွက်မှာ ၂၀၁၈ ခုနှစ် ပုံစံသစ် ဆိုင်ကယ်တွေ ရောင်းချပေးနေပြီး ယိုးဒယား Click ကလစ်နဲ့ Scoopy စကူးပစ် အမျိုးအစား ဆိုင်ကယ်တွေ အရောင်းအဝယ် သွက်နေပါတယ်။

DT နိုင်ဦး ဆိုင်ကယ်အရောင်းဆိုင်မှ ဦးနိုင်ဦးက‘‘ကျောင်းဖွင့်ရာသီဆိုတော့ အရင် ၁၀ စီး ရောင်းရရင် အခု ၁၅ စီးလောက် ရောင်းရတယ်။ အရောင်းအဝယ် သွက်နေပါတယ်။ ၂၀၁၈ ခုနှစ်ထုတ် ဆိုင်ကယ်တွေကို ပိုစိတ်ဝင်စားကြတယ်။ ပိုရောင်းရတယ်’’ လို့ ပြောပါတယ်။

မန္တလေး ဆိုင်ကယ်ဈေးကွက်မှာ ၂၀၁၈ ခုနှစ် ပုံစံသစ် ယိုးဒယား Click ကလစ် တစီးကို ကျပ် ၃၂ သိန်းမှ ကျပ် ၃၃ သိန်းကြား၊ ၂၀၁၈ ခုနှစ် ပုံစံသစ် Scoopy စကူးပီ တစီးကို ကျပ် ၂၄ သိန်းဝန်းကျင် ဈေးရှိပြီး အရောင် သုံးရောင် ရွေးချယ်နိုင်ပါတယ်။

အရင် ၂၀၁၇ ခုနှစ် မော်ဒယ် ကလစ်ဆိုင်ကယ်တစီးကို ကျပ် ၂၃ သိန်းဝန်းကျင် ရှိခဲ့ပေမယ့် အခု ၂၀၁၈ ခုနှစ် မော်ဒယ် ကလစ်ဆိုင်ကယ်တစီးကို ကျပ် ၃၃ သိန်းဝန်းကျင် ဈေးရှိရာ ကျပ် ၁၀ သိန်းဝန်းကျင် ဈေးကွာခြားပါတယ်။ ၂၀၁၈ ခုနှစ် ပုံစံသစ် ယိုးဒယား ကလစ်ဆိုင်ကယ်မှာ အိတ်ဇော၊ ဒိုင်ခွက်၊ ကိုယ်ထည်၊ အင်ဂျင်ပါဝါ ၁၅၀ တွေ ပြောင်းလဲသွားတယ်လို့ မန္တလေး ဆိုင်ကယ်ဈေးကွက်မှ ဝယ်ရောင်းသမားတချို့က ပြောပါတယ်။

မန္တလေး ဆိုင်ကယ်ဈေးကွက် အရောင်းအဝယ်မှာ ၂၀၁၈ ခုနှစ် ပုံစံသစ် ယိုးဒယား ဆိုင်ကယ်တွေ အရောင်းအဝယ် ဖြစ်နေသလို တရုတ်နိုင်ငံထုတ် ကျပ် ၃ သိန်းခွဲမှ ၁၀ သိန်းဝန်းကျင် ဈေးရှိတဲ့ ဆိုင်ကယ်တွေလည်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်း - သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013