DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအပေါ် အမည်ဖျက်၊ အရှက်ရစေရန်ပြောဆိုမှုများမလုပ်ကြရန် တိုက်တွန်း
DVB
·
June 4, 2018
မြန်မာနိုင်ငံအပေါ် အမည်ဖျက်၊ အရှက်ရစေရန်ပြောဆိုမှုများမလုပ်ကြရန် တိုက်တွန်း
Donate to DVB

 

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သုံးသပ်ဖို့ အလွန်အရေးကြီးကြောင်းနဲ့ အမည်ဖျက်အရှက်ရစေဖို့ ရည်ညွှန်းပြောဆို တာတွေဟာ လက်ရှိတင်းမာမှုကို ပိုမိုဆိုးရွားစေမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောပါတယ်။

စင်ကာပူနိုင်ငံမှာ ဇွန် ၁ ရက်မှ ၃ ရက်အထိကျင်းပတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ခ် အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကပြောကြား ခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ အဓိကအကြောင်းအရင်းဟာ အကြမ်းဖက်ဝါဒဖြစ်တယ်၊ အာဆာအကြမ်းဖက်အဖွဲ့က ကျေးရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူတွေကို စနစ်တကျစီမံ ရက်စက်စွာသတ်ဖြတ်ခဲ့လို့  အစ္စလာမ်ဘာသာဝင်တွေအပါအ၀င် တိုင်းရင်းသား လူနည်းစုတွေဟာ နေရပ်စွန့်ခွာ သွားခဲ့ကြရတယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်အဖွဲ့က မမှန်မကန် ဝါဒဖြန့်တာတွေကြောင့် အခြေအနေမှာ  အလွန်ဆိုးရွားသွားခဲ့ရတယ်၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်အသိုက်အဝန်း သာမက ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ၊  အခြားတိုင်းရင်းသားလူမျိုးစုငယ်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေ လည်း ထိခိုက်ခံစားခဲ့ကြရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်သမားတွေက ရည်ရွယ်ချက် အောင်မြင်စေဖို့အတွက် မဟုတ်မမှန် ဝါဒဖြန့်နေတာ ဒုက္ခသည်တွေကို ခုတုံးလုပ်အသုံးချ နေတာဟာ အခြေအနေကို ပိုလို့ ဆိုးရွားစေတယ်လို့ လည်း အစိုးရပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါထိပ်သီးအစည်းအဝေးအတွင်း ''မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ် လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပြဿနာ'' ခေါင်းစဉ်နဲ့ ကျင်းပတဲ့ အထူး ကဏ္ဍဆွေးနွေးပွဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောပါတယ်။

ဇွန်လ ၂ရက် မွန်းလွဲပိုင်းက ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲမှာ

နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာန (IISS)ရဲ့ ပထ၀ီနိုင်ငံရေးနဲ့ မဟာဗျူဟာဆိုင်ရာ အကြံပေး ဆာရာရိန်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(အိုင်စီအာစီ) ဥက္ကဋ္ဌ ပီတာမောရာနဲ့  ဥရောပသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် ရန်းခရစ္စတိုဖာ ဘယ်လီရတ် တို့ လည်းပါဝင်ဆွေးနွေး ခဲ့ပါတယ်။

အိုင်စီအာစီ ဥက္ကဋ္ဌ မစ္စတာ ပီတာ မောရာတော့  ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရေးအစီအစဉ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေနှစ်ရပ်စလုံး တိုးတက်စေဖို့ အချက် သုံးချက်ကို  ထည့်သွင်းစဉ်းစားပေးဖို့ တိုက်တွန်း ပြောသွားပါတယ်။

ဒီအချက်သုံးချက်ထဲမှာ နေရပ်စွန့်ခွာထွက်ပြေးသူတွေ လုံခြုံဘေးကင်း ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ခွင့်ပြုဖို့၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ အရပ်သားတွေကို ပစ်မှတ်မထားဖို့ပါဝင် ၀င်ပါတယ်။  

ဓာတ်ပုံ- The Mirror

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013