DVB Logo
Home
မြန်မာသတင်း
ယခုပညာသင်နှစ် မောင်တောဒေသတွင် ကျောင်းပေါင်း ၁၀၀ ခန့် မဖွင့်နိုင်သေး
DVB
·
June 3, 2018
ယခုပညာသင်နှစ် မောင်တောဒေသတွင် ကျောင်းပေါင်း ၁၀၀ ခန့် မဖွင့်နိုင်သေး
Donate to DVB

အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တော်ခရိုင်က မြို့နယ် ၃ မြို့နယ်မှာ အခုလာမယ့် ပညာသင်နှစ်အတွင်း စာသင်ကျောင်း ပေါင်း ၁၀၀ နီးပါးဖွင့်လှစ်ဖို့ အခက်အခဲဖြစ်နေပါတယ်။

၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် ဇွန် ၁ ရက် နေ့က မြန်မာတပြည်လုံးနီးပါး စာသင်ကျောင်းတွေ တပြိုင်တည်းဖွင့်လှစ်ခဲ့ပေမယ့် အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ် သုံးမြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၀၀ နီးပါး ပြန်ဖွင့်ဖို့ အခက်အခဲဖြစ်နေတာပါ။

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက “လက်ရှိ ပိတ်ထားရတာ ၇၆ ကျောင်းရှိတယ်။ ကျောင်းရှိတယ်။ အိမ်တွေမရှိတော့ဘူး။ ပြီးတော့ လူတယောက်မှမရှိဘူး။ အကယ်၍များ ဒီဇွန်လမှာ ဝင်လာခဲ့သည်ရှိသော ကျောင်းတက်မယ်ဆိုရင် ဒီဘက်က အဆင်သင့်ဖြစ်နေတယ်။ ဆရာ၊ဆရာမတွေကလည်း အဆင့်သင်ရှိနေတယ်။ မှန်းထားတာကတော့ ၇၆ ကျောင်း လုံးဖွင့်ဖို့ မှန်းထားတယ်။ ဝင်လာတဲ့သူတွေအပေါ်မှာ မူတည်ပြီး ဖွင့်ရမှာပါ”လို့ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မောင်တောခရိုင်အတွင်းမှာ ကျောင်းဆရာ၊ ဆရာမတွေနေထိုင်ဖို့ ရဲစခန်းနဲ့ တပ်စခန်းစတဲ့ နေရာ ၁၃ ခုမှာ အဆောင်တွေဆောက်လုပ်ပြီး နေရာထိုင်ခင်တွေ စီစဉ်ထားတယ်လို့ဆိုပါတယ်။

“အဲ့ဒီမှာ လုံခြုံရေးအရ စခန်းတွေဖွင့်ထားတယ်။ ခန့်မှန်းခြေစခန်း ၁၃ ခုလောက်ဖွင့်ထားတယ်။ ရဲစခန်းတို့၊ တပ်စခန်းတို့ မှာနေကြတယ်။ အဲ့ဒီနေရာကပဲ ကျောင်းတက်သွားကြတယ်”လို့ပြောပါတယ်။

ဒါ့အပြင် တဖက်နိုင်ငံကို ထွက်ပြေးသွားပြီး ပြန်လည်ဝင်ရောက်လာမယ့် ကျောင်းသူ၊ ကျောင်းသားတွေကို စာသင်ကျောင်းတွေ ပြန်လည်ဖွင့်နိုင်အောင် သင်ထောက်ကူပစ္စည်းနဲ့ ကျောင်းဝတ်စုံတွေ အဆင်သင့် ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဆရာ၊ ဆရာမတွေကိုလည်း အဆင့်သင့်ပြင်ဆင်ထားတယ်လို့ ရခိုင်ပြည်နယ် ပညာရေးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့ အကြမ်းဖက်မှုတွေကြောင့် မောင်တောမြို့နယ်မှာ ၇၆ ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှာ ၁၃ ကျောင်းနဲ့ ရသေ့တောင်မြို့နယ်မှာ ၁၀ ကျောင်းတို့ ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

 

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013