DVB Logo
Home
မြန်မာသတင်း
မိုင်းနင်းမိ၍ သေဆုံးပြီဟု ယူဆထားသူ ရက်လည်ဆွမ်းသွပ်သည့်နေ့ ပြန်ရောက်လာ
DVB
·
June 3, 2018
မိုင်းနင်းမိ၍ သေဆုံးပြီဟု ယူဆထားသူ ရက်လည်ဆွမ်းသွပ်သည့်နေ့ ပြန်ရောက်လာ
Donate to DVB

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအနီး ချောင်းထဲမှာ ညီအကို ၂ ဦး ငါးရှာထွက်ရမှာမှ ညီဖြစ်သူ မိုင်းနင်းမိတဲ့အတွက် သေဆုံးပြီလို့ ယူဆခဲ့ပေမယ့် ရက်လည်ဆွမ်းသွပ်တဲ့ နေ့မှာ ပြန်လည်ရောက်လာခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

မေလ ၂၆ ရက်နေ့က ဆားမှော်ကျေးရွာနေ စိုင်းအောင် (၂၀ နှစ်)နဲ့ နိုင်နိုင် (၁၆ နှစ်)တို့ ညီအကို ၂ ဦးဟာ ဆားမှော်ကျေးရွာအရှေ့တောင်ဘက်ရှိ ဘန်ဂျက်ချောင်းအတွင်း ငါးရှာဖို့ သွားရောက်စဉ် မိုင်းနင်းမိတဲ့အတွက် ၂ ဦးလုံး မိုင်းစထိမှန်ပြီး ညီဖြစ်သူ နိုင်နိုင်မှာ မိုင်းထိဒဏ်ရာကြောင့် သတိမေ့နေတဲ့အတွက် အကိုဖြစ်သူ စိုင်းအောင် ကုန်းပိုးသယ်ဆောင်ခဲ့ တယ်လို့ ဆိုပါတယ်။

မိုင်းထိဒဏ်ရာကြောင့် သတိမေ့နေတဲ့ ညီဖြစ်သူကို သယ်လာစဉ် လမ်းမှာ သေနတ်ပစ်ခတ်သံတွေ ကြားရပြီး ကိုယ်တိုင်လည်း မိုင်းစထိမှန်ထားတဲ့တွက် ညီဖြစ်သူကို ဆက်မသယ်တော့ဘဲ နောက်မှ လာခေါ်မယ်လို့ ဆုံးဖြတ်ပြီး ပြေးခဲ့ရာ မေလ ၂၈ ရက်နေ့မှ လယ်တဲတခုကို ရောက်ရှိပြီး နယ်မြေခံတပ်မှ လာရောက်ခေါ်ကာ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

တောထဲမှာ ကျန်ခဲ့တဲ့ ညီဖြစ်သူမှာ ရရှိထားတဲ့ ဒဏ်ရာကြောင့် သေဆုံးဖို့ ရာခိုင်နှုန်းများပြီး လမ်းမမှတ်မိတော့တဲ့တွက် သွားရောက်ရှာဖွေမယ့်သူတွေလည်း အန္တရာယ်ရှိနိုင်ကာ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း တွေ့ရှိနိုင်တဲ့အတွက် ညီဖြစ်သူ နိုင်နိုင်ကို သေပြီလို့ ယူဆကာ ၇ ရက်မြောက်နေ့ မေလ ၁ ရက်နေ့မှာ ဆားမှော်ကျေးရွာ ဘုန်းကြီးကျောင်းမှာ ဆွမ်းသွပ်အမျှအတမ်းပေးဝေခဲ့တာပါ။

ရက်လည်ဆွမ်းသွပ်ပြုလုပ်တဲ့ မေလ ၁ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ မောင်နိုင်နိုင်ဟာ မသေဘဲ လယ်တဲတခုမှာ ဒဏ်ရာတွေနဲ့ ရောက်ရှိနေကြောင်း သိရတဲ့အတွက် နယ်မြေခံတပ်နဲ့ မိဘတွေ သွားရောက်ခေါ်ဆောင်ခဲ့ပြီး မြစ်ကြီးနား တပ်မတော်ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံယူခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013