DVB Logo
Home
မြန်မာသတင်း
ဖားကန့် ရွှံ့နွံကန်ထဲမှ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး၏အလောင်းများ တွေ့ရှိ
DVB
·
June 3, 2018
ဖားကန့် ရွှံ့နွံကန်ထဲမှ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး၏အလောင်းများ တွေ့ရှိ
Donate to DVB

 

ကချင်ပြန်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာမှာ မြေစာပုံပြိုကျလို့ သေဆုံးသွားခဲ့တဲ့ ရေမဆေးကျောက်ရှာသူ အလုပ်သမား ၂ ဦးရဲ့ အလောင်းတွေကို မနေ့က တွေ့ရှိခဲ့တယ်လို့ ဒီနေ့ထုတ် မြန်မာအလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

မေလ ၃၁ ရက်နေ့ မနက် ၉ နာရီခွဲလောက်က မှော်စီစာကျေးရွာ ရွာမရပ်ကွက်မှာ ရပ်နားထားတဲ့ စံတော်ဝင် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ရဲ့ အမြင့်ပေ ၁၅၀ လောက်ရှိတဲ့ မြေစာပုံဟာ မိုးရွာတဲ့အရှိန်ကြောင့်  ပြိုခဲ့ရာ မြေစာပုံအောက်မှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ မြင့်ကျော် (၄၁ နှစ်)နဲ့ အောင်ဘို (၄၀ နှစ်)တို့ ၂ ဦးကို မြေစာပုံနဲ့အတူ ပေ ၄၀၀ လောက်အကျယ်ရှိ ရွှံ့နွံကန်တဲ့ ပါသွားနစ်မြှုပ်ခဲ့တာပါ။

မေလ ၂ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာ နွံကန်ပေါ်သို့ ပုပ်ပွသေဆုံးပြီး အလောင်းတွေ ပြန်ပေါ်လာတဲ့အတွက် ဆယ်ယူကာ လုံးခင်းဆေးရုံကို ပို့ဆောင်ခဲ့တာလို့ သိရပါတယ်။

မြေစာပုံမြို့ကျသေဆုံးခဲ့တဲ့ ဦးမြင့်ကျော်နဲ့ ဦးအောင်ဘိုတို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး လုံးခင်းရဲစခန်းမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013