DVB Logo
Home
မြန်မာသတင်း
Market Place ဈေးဝယ်စင်တာ ပထမထပ်တွင် ပေါက်ကွဲမှုဖြစ်၊ ၈ ဦး ဒဏ်ရာရ
DVB
·
June 3, 2018
Market Place ဈေးဝယ်စင်တာ ပထမထပ်တွင် ပေါက်ကွဲမှုဖြစ်၊ ၈ ဦး ဒဏ်ရာရ
Donate to DVB

 

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Market Place ဈေးဝယ်စင်တာ ပထမထပ်မှာ gas ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမား ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန်က လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ ပြည်လမ်း၊ အမှတ်(၆၉/အေ)ရှိ Market Place ဈေးဝယ်စင်တာရဲ ပထမထပ်မှာ ဆိုင်ပိတ်သိမ်းခဲ့ပြီးနောက် လုပ်ငန်းပြန်လည်အပ်နှံနိုင်ဖို့၊ ဆိုင်ကို မူလအတိုင်း ပြန်လည်ပြင်ဆင်ဖို့ ရဲကျော်မြတ်ပါ အလုပ်သမား ၁၃ ဦး ပြင်ဆင်နေစဉ် Extension ကြိုးခွေမှာ လက်ကိုင်ဖုန်း အားသွင်းထားရာမှ ၀ါယာရှော့ဖြစ်ပြီး (Spark) ရရှိပြီး အဆောက်အအုံ မျက်နှာကျက်ရှိ စားသောက်ဆိုင်တန်းတွေကို ပို့လွှတ်သွယ်တန်းထားတဲ့ Gas ပိုက်လိုင်းမှာ Gas ယိုစိမ့်နေမှုကြောင့် ထို(Spark)မှတဆင့် မီးကူးစက်ကာ လောင်းကျွမ်းပေါက်ကွဲခဲ့တာပါ။

ပေါက်ကွဲစေတတ်တဲ့ အရာဝတ္ထုပစ္စည်းတွေလည်း မတွေ့ရှိတဲ့အပြင် ယမ်းနံ့လည်း မရရှိဘူးလို့ ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရသိရှိပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ အဆောက် အအုံအတွင်းရှိ မျက်နှာကျက်တွေမှာ သွယ်တန်းထားတဲ့ Gas ပိုက်လိုင်း အများအပြား ရှိပေမယ့်လည်း မြေအောက်ထပ်ရှိ Gas အိုးများထားသိုတဲ့ မိန်းနေရာကို အချိန်မီပိတ်နိုင်ခဲ့တဲ့ အတွက် ပျက်စီးမှုနည်းပါးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ဆိုင်အတွင်းအလုပ်လုပ်ကိုင်နေတဲ့ ကျော်စိုးမိုးပါ (၈)ဦးတို့ ခန္ဓာကိုယ်မှာ မီးအပူလောင်ဒဏ်ရာတွေ ရရှိခဲ့လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လှိုင်မြို့မရဲစခန်းမှာ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013