DVB Logo
Home
မြန်မာသတင်း
ထောက်ကြန့်နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားအရက်တုမျိုးစုံ ဖမ်းမိ
DVB
·
June 3, 2018
ထောက်ကြန့်နှင့် ထန်းတပင်မြို့နယ်တို့တွင် နိုင်ငံခြားအရက်တုမျိုးစုံ ဖမ်းမိ
Donate to DVB

 

ထောက်ကြန့်နဲ့ ထန်းတပင်မြို့နယ်တို့မှာ နိုင်ငံခြားဖြစ် အရက်တုမျိုးစုံ အတုပြုလုပ်ကာ သိုလှောင်ရောင်းချသူတွေကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်တွေဟာ ဇွန် ၁ ရက်နေ့ နေ့လယ်ပိုင်းက ထန်းတပင်မြို့နယ်၊ ပေါက်တန်းကျေးရွာကွက်သစ်က အောင်စိုးနဲ့ မျိုးတင့်တို့ရဲ့နေအိမ်ကို သတင်းအရ သက်သေတွေနဲ့အတူ သွားရောက်ရှာဖွေခဲ့ရာ Giang Master တံဆိပ်အရက် ၄ ဖာ၊ Black Label အရက် ၂ ဖာ၊ Ballantines တံဆိပ် အရက် ၁ ဖာ၊ Red Label တံဆပ်အရက် ၂ ဖာ၊ kingdon တံဆိပ် အရက် ၆ ဖာ၊ ပုလင်းခွံနဲ့ ပုလင်းအဖုံးခွံတွေ၊ အရက်ရောစပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

အလားတူ ညနေ ၄ နာရီခွဲအချိန်မှာလည်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တွေဟာ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ မြသီတာရပ်ကွက်ရှိ မျိုးမြင့်ခိုင်(ခ)ကိုမျိုးရဲ့ နေအိမ်ကို သတင်းအရ ရှာဖွေခဲ့ရာ မြေအောက်ခန်းနဲ့ ဂိုဒေါင် အတွင်းခန်းတို့မှ kingdon တံဆိပ်အရက် ၉ ဖာနဲ့ ပုလင်းခွံ အလုံး ၂၀၊ Giang Master တံဆိပ်အရက် ၂ ဖာ၊ Donfife တံဆိပ် အရက် ၄ ဖာနဲ့ ပုလင်းခွံအလုံး ၃၀၊ Red Label တံဆိပ်အရက် ၃ ဖာ၊ B&G တံဆိပ်အရက် ၂ ဖာ၊ Sired Wards တံဆိပ်အရက် ၁ ဖာ၊ ပုလင်းအဖုံးခွံတွေ၊ အရက်ရောစပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မျိုးမြင့်ခိုင်(ခ)ကိုမျိုး၊ အောင်စိုး၊ မျိုးတင့်တို့ကို မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ နဲ့ အသီးသီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013